နောဝစ်ချ်အသင်းနည်းပြ ဒန်နီယဲလ်ဖာကီက မိမိတို့အနေဖြင့် လီဗာပူးလ်အသင်းကိုကြောက်ရွံနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နောဝစ်ချ်အသင်းနည်းပြ ဒန်နီယဲလ်ဖာကီက မိမိတို့အနေဖြင့် လီဗာပူးလ်အသင်းကိုကြောက်ရွံနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင်မှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် နောဝစ်ချ်အသင်းသည် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်းတွင် ကစားရမည်ဖြစ်သည်။
ဒန်နီယဲလ်ဖာကီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေသော်လည်း လီဗာပူးလ်အသင်းကို အကောင်းဆုံးရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒန်နီယဲလ်ဖာကီက "ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကို သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်မှာ ရင်ဆိုင်မှာကို ကျွန်တော်တို့အနေနဲ့ ကြောက်ရွံနေမှာ မဟုတ်ပါဘူး။ ယာဂန်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ပြီး အရင်တုန်းက ကျွန်တော်တို့ကစားနေကျအတိုင်းပဲ ပွဲကို ကစားသွားမှာပါ။ ကျွန်တော်တို့အသင်းမှာလည်း လက်ရွေးစင်ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲကိုအပြည့်အဝအာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် နောဝစ်ချ်နည်းပြ ဒန်နီယဲလ်ဖာကီက မန်စီးတီးနှင့် လီဗာပူးလ်တို့ ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲကို ကြည့်ရှုခဲ့ကြောင်းနှင့် ယင်းပွဲတွင် မန်စီးတီးအသင်း၏ ကစားပုံကို သဘောကျကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်နှင့် နောဝစ်ချ်အသင်းတို့၏ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် စနေနေ့ နံနက် ၁:၃၀ နာရီ)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
