လီဗာပူးလ်အသင်းဟာ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ အဲဗာတန်နဲ့ဂိုးမရှိသရေကျခဲ့လို့ ပြီးခဲ့တဲ့စနေနေ့က မန်စီးတီးအသင်းထံ လွှဲပြောင်းပေးခဲ့ရတဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်မရယူနိုင်ဘဲဖြစ်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီပြီးဆုံးဖို့ (၉)ပွဲသာလိုတော့တဲ့အချိန်မှာ မန်စီးတီးအသင်းက (၇၁)မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး လီဗာပူးလ်က (၁)မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
အဲဗာတန်အသင်းဟာ မြို့ခံပြိုင်ဘက်အသင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက အနိုင်မရခဲ့ပေမယ့် လီဗာပူးလ်ရဲ့(၂၉)နှစ်ကြာ အမှတ်ပေးချန်ပီယံအိပ်မက်ကိုတော့ အဟန့်အတားဖြစ်စေခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ဆာလာရဲ့သေချာပေါက်အခွင့်အရေးတွေအပြင် ဖာဘင်ညိုက အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ရပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
နောက်ဆုံး(၆)ပွဲမှာ (၁)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးအဖြစ် (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာပါ။
လီဗာပူးလ်အဖို့ (၅၄)မိနစ်မှာ အာနိုးလ်ရဲ့ဂိုးကန်သွင်းမှုပြီးနောက်ပိုင်း အဲဗာတန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု မရှိတော့ပါဘူး။
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ကတော့ ပရီးမီးယားလိဂ်မှာ Clean Sheet (၁၇)ပွဲအထိရှိလာပြီး ၂၀၀၅-၀၆ ရာသီက လီဗာပူးလ်ဂိုးသမားဟောင်း ရီနာ တင်ရှိထားတဲ့ ပွဲဦးထွက်ရာသီမှာ Clean Sheet အများဆုံးစံချိန် ပွဲ(၂၀)ကိုလိုက်မီဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
အခု မာဆေးဆိုက်ဒ်ဒါဘီပွဲဟာ အင်္ဂလန်ထိပ်တန်းလိဂ်တွေ့ဆုံမှု ပွဲ(၂၀၀)မြောက်ဖြစ်ကာ အက်စတွန်ဗီလာ-အဲဗာတန်(၂၀၂ ပွဲ)ပြီးရင် အများဆုံးဖြစ်နေပြီး ပွဲ(၂၀၀)မှာ ဂိုးမရှိသရေကျတဲ့အထိ (၃၄)ပွဲရှိခဲ့ပါတယ်။
ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို အဲဗာတန်နောက်ခံလူ မိုက်ကယ်ကင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
