ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် နိုဝင်ဘာ ၂၆ ရက်ညနေ ၆ နာရီခန့်က မြန့်မာ့စီးပွားရေးဘဏ်မှ ငွေများအား ရဲစခန်းရှိ ငွေတိုက်သို့ပို့ဆောင်စဉ် လမ်းတွင် လုယက်ခံခဲ့ရကြောင်း ကျောက်တော်မြို့နယ် မဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် ပြောပြချက်အရ သိရသည်။
“ကျွန်တော် သတင်းကြားပြီပါပြီ။ အလုခံရတာ ဟုတ်ပါတယ်။ ကွန်တော်က ဘဏ်ဝန်ထမ်းတစ်ယောက်နဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ဆက်သွယ်မေးမြန်းတော့ ရဲစခန်းငွေတိုက်မှာ ထားဖို့ အသွားမှာ မျက်နှာ ဖုံးစွပ်ထားတဲ့ လူနှစ်ယောက်က လုသွားတာလို့ သိရတယ်။ ကျွန်တော်က အစည်းအဝေး တက်ဖို့ စစ်တွေရောက်နေတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဦးမောင်သန်းစိန်က ပြောသည်။
ယခုအလုခံရသောနေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ဖြစ်ကြောင်း သိရပြီး ညနေပိုင်းတွင် လူအသွားအလာပြတ်သည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
အတည်မပြုနိုင်သောသတင်းများအရ ဘဏ်မှ တာဝန်ရှိသူအပါအဝင် ဝန်ထမ်းသုံးဦးနှင့် ငွေသေတ္တာအား ဆိုက်ကားဖြင့်တင်၍ ပို့ဆောင်စဉ် သုံးဘီးဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်ထားသူ သုံးဦး နောက်မှလိုက်လာပြီး လုယက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ သည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။
လုယက်ခံရမှုကြောင့် ငွေကျပ် သိန်း ၂၀၀၀ ကျော်ခန့် ပါသွားကြောင်းလည်း ဘဏ်နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
