ကရင်နီလူငယ်များကို ထောင်ဒဏ် ခြောက်လသာ ချမှတ်မှုနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်ချက် ထပ်တက်ထားကြောင်း ထောင်ဒဏ် ရက်ပြည့်သဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကရင်နီလူငယ် ခူးကြူးဖဲကေးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့်ပတ်သက်၍ နိုင်လွတ်လုံပုဒ်မဖြင့် ပြည်နယ်အစိုးရရုံး အရာရှိတစ်ဦးက တရားစွဲဆိုရာ ထောင်ဒဏ် ခြောက်လကျခံနေရသော ကရင်နီလူငယ်များအား နိုဝင်ဘာ ၂၇ ရက်တွင် ပြင်ဆင်ချက် ရောက်ရှိလာခြင်းဖြစ်သည်။
“ ဒီနေ့မှာ ကျွန်တော်တို့ကို ပြည်နယ်အစိုးရက မကျေနပ်လို့ပေါ့လေ အယူခံထပ်ပြီး တက်တယ်။ ပြင်ဆင်ချက်ပေါ့။ ပြင်ဆင်ချက် ထပ်ပြီးတက်တယ်။ ကျွန်တော်တို့ကို ခြောက်လချတာကို သူကမကျေနပ်ဘူး။ ရွေးကောက်ပွဲကာလ ပြီးတဲ့အချိန်ထိ ကျွန်တော်တို့ကို ချုပ်နှောင်ထားချင်တဲ့အတွက် နောက်ထပ်တစ်နှစ် ထပ်ချပေးပါလို့ ခရိုင်ရုံးမှာ ပြင်ဆင်ချက်သူဝင်ပါတယ်။ ဝင်တော့ကျွန်တော်တို့ကို ဒီဇင်ဘာလ ၆ ရက်နေ့ကျရင် ခရိုင်တရားရုံးမှာကြားနာဖို့ လူငယ်တွေကို ချိန်းဆိုထားတာရှိတယ်။ အခုပဲကျွန်တော်တို့ထောင်ထဲမှာ ကျန်ရှိနေတဲ့ ကျန်တဲ့ကရင်နီခေါင်းဆောင်လူငယ် ငါးဦးနဲ့ ကျွန်တော်အခုပဲ တွေ့ပြီးပြန်လာတယ်။ သူတို့ကို ဒီနေ့မနက်မှာ ထောင်ပိုင်က သိရှိကြောင်း ခေါ်ပြီးလက်မှတ် ထိုးတာရှိတယ်” ဟု အလုပ်နှင့် ထောင်ဒဏ် ရက်ပြည့်သဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လွတ်မြောက်လာသော ကရင်နီလူငယ် ခူးကြူးဖဲကေးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုပြဿနာနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား အမျိုးသားသစ္စာဖောက်ဟုဆိုကာ ကြေညာချက် ထုတ်ခဲ့သောကြောင့် နိုင်လွတ်လုံပုဒ်မဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ် ခြောက်ဦးအား နိုဝင်ဘာ ၇ ရက်တွင် လွိုင်ကော်မြို့ နယ်တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“ ရွေးကောက်ပွဲနဲ့ ချိန်ပြီးတော့ နိုင်ငံရေးအကျိုးအမြတ်ကိုကြည့်ပြီး ကျွန်တော်တို့ လူငယ်တွေကိုထပ်ပြီး တစ်နှစ်ထပ်ချပေးဖို့ ခရိုင်မှာထပ်ပြီး ပြင်ဆင်ချက်ဝင်တဲ့ကိစ္စကို ရှုတ်ချတယ်။ ဒါကအောက်တန်းကျတဲ့ နိုင်ငံရေးလုပ်ရပ် ဖြစ်တယ်” ဟု ခူးကြူးဖဲကေးက ဆက်လက်ပြောကြားသည်။
ထောင်ဒဏ်ချမှတ်ခံထားရသည့် လူငယ်များမှာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကယားပြည်နယ်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းစဉ်က ကရင်နီလူငယ်အင်အားစုများက အနီးကပ်လုံခြုံရေးယူပေးခဲ့သည့်အပြင် NLD ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်များတွင် ဗမာစကားမတတ်သောကျေးရွာများ၊ လမ်းခရီးခက်ခဲသော တောင်ပေါ်ကျေးရွာများ၊ လုံခြုံရေးစိုးရိမ်ရသော ကျေးရွာများသို့ သွားရောက်စည်းရုံး ကူညီပေးခဲ့သူများဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ကိုယ်စား ကရင်နီလူငယ် ခြောက်ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) ဖြင့် တရားစွဲခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
