Top News

မိုးမိတ်မြို့နယ်တွင် ဆိုင်ကယ်မောင်းလာသူ အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံကို ထပ်မံဖမ်းဆီးရမိ
24htopnews | December 24, 2024 10:12 AM CST

မိုးမိတ်မြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် ည ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၅၈) မိုးမိတ်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စု ဘော်ဒေကျေးရွာအထွက်၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် ဘော်ဒေကျေးရွာဘက်မှ တွင်းငယ်ဘက်သို့ မိုးမိတ်မြို့နယ် သစ်စိမ့်ကုန်းကျေးရွာအုပ်စု နဘူးကျေးရွာနေ ဒေါ်မာမာဝင်း (၄၁ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကြွပ်ကြွပ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၈၀) နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူရန် အခကြေးငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသူ ဘော်ဒေကျေးရွာနေ ဦးမာတူး (၆၅ နှစ်) အား ၎င်း၏နေအိမ်မှ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။                                      

 


READ NEXT
Cancel OK