လှိုင်သာယာတွင် အလုပ်သမား မှတ်ပုံတင်ကတ်၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာအတု ပြုလုပ်ရောင်းချနေသူ နှစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ကြပ်မျိုး မြင့်ကိုနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ထောက်ခံစာအတုများ ပြုလုပ်ရောင်းချနေကြောင်း သတင်းအရ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်က အမှတ် (၈) ရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ မကွေးလမ်းပေါ်၌ ပြည့်ဖြိုးမင်းအား ထောက်ခံစာအတုများ ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းအားစစ်ဆေးခဲ့ရာ TARYAN အမျိုးအစား နီ/နက်ကြားဆိုင်ကယ် တူးဘောက်အတွင်းမှ လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန (မြို့နယ်ရုံး) တံဆိပ်ရိုက်ထားပြီး ဦးစီးအရာရှိ နေရာတွင် လက်မှတ် ရေးထိုးထားသည့် အတုဟု ယူဆရသော အလုပ်သမား မှတ်ပုံတင်ကတ်ပြား ၁၃ စောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လှိုင်သာယာမြို့မရဲစခန်း လှိုင်သာယာမြို့နယ် တံဆိပ်တုံးအဝင်း ရိုက်နှိပ်ထားပြီး စခန်းမှူးနေရာ၌ လက်မှတ်ထိုးထားကာ ရဲစခန်း ထောက်ခံစာအတုတွင် လက်ဗွေနှိပ်ရန် အသုံးပြုသည့် မှင်ခွက်တစ်ခုနှင့် ဖုန်းတစ်လုံးတို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့၌ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ကြပ်မျိုးမြင့်ကိုနှင့် အဖွဲ့မှ အဆိုပါလမ်းပေါ်၌ ဝင်းဌေးအား FELLING အမျိုးအစား CZI 125 နီ/နက်ကြားရောင် ဆိုင်ကယ်နှင့်အတူ ထောက်ခံစာအတုများ ရောင်းနေစဉ် တွေ့ရသဖြင့် စစ်ဆေးခဲ့ရာ ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ လှိုင်သာယာမြို့မှ ရဲစခန်းတံဆိပ်ဝိုင်း ရိုက်နှိပ်ထားပြီး စခန်းမှူးနေရာတွင် လက်မှတ်ထိုးထားသော ရဲစခန်းထောက်ခံစာအတု ခုနစ်စောင် အလုပ်သမား ညွှန်ကြားမှူ ဦးစီးဌာန (မြို့နယ်ရုံး) တံဆိပ်ရိုက်နှိပ်ထားပြီး ဦး စီးအရာရှိနေရာတွင် လက်မှတ်ထိုးထားသည့် အတုဟု ယူဆရသော အလုပ်သမား မှတ်ပုံတင်ကတ်ပြား ၁၀ စောင် ထောက်ခံစာများ ရောင်းရငွေကျပ် ၁၆၅၀၀ တို့အား ဝင်းဌေး အောင်ဗောဓိလမ်း (၁၉) ရပ်ကွက် လှိုင်သာယာနေသူမှ အပ်ပေးသဖြင့် သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုဖြစ်စဉ်မှ ပြည့်ဖြိုးမင်း (၁၉ နှစ်) အား (ပ) ၇၀၃၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် ဝင်ဌေး (၄၀ နှစ်) အား (ပ) ၇၀၃၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
