ဘုတ်ပြင်းမြို့နယ် ကမ်းစောက်ကျေးရွာတွင် ကျားပိုက်ရေလုပ်သားတစ်ဦးအား ပိုင်ရှင်ဖြစ်သူ၏ ရိုက်နှက် နှိပ်စက်မှုကြောင့်ဟုဆိုကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာအုပ်စု ကမ်းစောက်ကျေးရွာတွင် ကျားပိုက် (ကျားပါးစပ်) ရေလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ရေလုပ်သားတစ်ဦးအား ပိုင်ရှင်ဖြစ်သူက ကျားပိုက်မဆွဲဘဲ အိပ်နေသည်ဟုဆိုကာ ကန်ကျောက် ရိုက်နှက်သည့်အတွက် ရေလုပ်သားမှာ သေဆုံးခဲ့ရကြောင်း သိရသည်။
ကမ်းစောက်ကျေးရွာတွင် ကျားပိုက် (ကျားပါးစပ်) ပိုင်ရှင် သူရိန်ဦး (၂၇ နှစ်) ဆိုသူမှာ နိုဝင်ဘာ ၂၉ ရက်က အလုပ်သမားဖြစ်သူ ဇော်ဦး (၄၀ နှစ်) နှင့် နေအိမ်တွင် ရှိနေခိုက်တွင် ညပိုင်းက ကျားပိုက်မဆွဲဘဲ အိပ်နေသည့်ကိစ္စကို အကြောင်းပြပြီး ရေလုပ်သား ဇော်ဦးအား ခြေဖြင့်ကန်ကျောက်ခဲ့ကြောင်း သိရသည်။ ခြေဖြင့် ကန်ကျောက်မှုကြောင့် ဇော်ဦး၏ ယာဘက်နားထင်နှင့် ယာဘက်မျက်လုံး ပေါက်ပြဲဒဏ်ရာများ ရရှိကာ လဲကျသွားခဲ့ကြောင်း သိရသည်။
လဲကျသွားစဉ် ကျားပိုက်ပိုင်ရှင် သူရိန်ဦးက ဇော်ဦး၏ ဦးခေါင်းကို ကိုင်ပြီး ကြမ်းပြင် နှင့် ထပ်မံ ဆောင့်ခဲ့ကြောင်း၊ ဇော်ဦးမှာ ရရှိဒဏ်ရာများဖြင့် နေအိမ်အောက်သို့ ထွက်ပြေးခဲ့ကြောင်း၊ ဒဏ်ရာများဖြင့် ခေတ္တအကြာ နေအိမ်ပေါ်ပြန်တက်ပြီး ထိုင်နေစဉ် သတိမေ့မြောသွားသောကြောင့် အိမ်နီးချင်းများက ၀ိုင်းဝန်းပြုစုနေစဉ် သေဆုံးခဲ့ရကြောင်း သိရသည်။
“အမှုဖြစ်စဉ်ကို ပုဒ်မ ၃၀၂ နဲ့ ဖွင့်ထားပါတယ်။ တရားခံကို ဖမ်းမိထားပါပြီ။ ကျွန်တော်တို့ ဥပဒေအရာရှိမှာ စွဲချက်ယူပြီး ကော့သောင်းမြို့တရားရုံးကို လွှဲပေးမှာပါ။ အခုအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလို တရားခံတွေဆီက စစ်ချက်တွေ ယူနေပါတယ်”ဟု ရဲအုပ် မိုးကျော်အောင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျားပိုက်ပိုင်ရှင် သူရိန်ဦး (၂၇ နှစ်) ကမ်းစောက် ကျေးရွာနေသူအား ဘုတ်ပြင်းမြို့နယ် ရဲစခန်းက နိုဝင်ဘာ ၃၀ ရက်တွင် (ပ) ၂၅၊ ၂၀၁၉၊ အမှုကြီးအမှတ်စဉ် (၅/၂၀၁၉) ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
