မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်တွင်းမှ ပိုက်ဆံများခိုးထုတ်ယူမှု နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူများမှာ KBZ ဘဏ်ခွဲ ဒု မန်နေဂျာနှင့် ခင်ပွန်းဖြစ်သူတို့မှ ကျူးလွန်ခဲ့သည်ကို စစ်ဆေး ဖော်ထုတ်ရမိခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၅၃ လမ်းနှင့် ၅၄လမ်းကြားရှိ ATM ငွေထုတ်စက်သို့ ငွေလာထုတ်သူများမှ လိုင်းကျနေသည်ဟုထင်သဖြင့် ဘဏ်သို့အကြောင်းကြားခဲ့ရာ လိုင်းကျနေခြင်း မဟုတ်ဘဲ ငွေများ ဖောက်ယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။
ထို့ကြောင့် ATM ငွေထုတ်စက်ကို ဘဏ်တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ လက်ကျန်ငွေ ကျပ်သိန်း ၃၄၀ ခန့်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ATM ငွေထုတ်စက်မှ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် အဖြူရောင်မော်တော်ယာဉ် AD Van ဖြင့်လာရောက်ကာ အနီရောင်သော့ချိတ်ဖြင့် စက်ကိုဖွင့်ကာ လျှို့ဝှက်ကုဒ်နံပါတ်များ အသုံးပြုကာ ငွေများအားလုံး ယူသွားသည်ကိုတွေ့ရှိရသဖြင့် အနီရောင်သော့ချိတ် ကိုင်ဆောင်သူ ဒုမန်နေဂျာ မထက်မွန်ကျော်ရွှေကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းနှင့်ခင်ပွန်းဖြစ်သူတို့ ကျူးလွန်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့ရာ"ကျူးလွန်တဲ့သူကတော့ ဘဏ်ခွဲဒုမန်နေဂျာပေါ့။ သူက ATMစက်ရဲ့ သော့နဲ့ လျှိုု့ဝှက်ကုဒ်နံပါတ်တွေကို သူ့ခင်ပွန်းကိုပေးခဲ့တယ်လို့သိရတယ်။အဓိကကတော့ ကုဒ်နံပတ်တွေက ဖွင်လို့ရတာ။ဒါကြောင့် ဒုမန်နေဂျာကို ခေါ်စစ်ဆေးရာမှာ သူတို့ကျူးလွန်တယ်ဆိုတာ ပေါ်ပေါက်ပါတယ်။အဓိကကတော့ သော့ထက် ကုဒ်နံပတ်တွေကြောင့် ဖွင့်လို့ရတာပါ"ဟု မဟာအောင်မြေမြို့နယ်မှူး ရဲမှူးဝင်းနိုင်က ပြောကြားခဲ့သည်။
ထိုကဲ့သို့ ATMစက်အတွင်းမှ ငွေများဖောက်ယူသွားမှုကို ကျုးလွန်ခဲ့သူ KBZ ဘဏ်ခွဲဒုမန်နေဂျာ မထက်မွန်ကျော်ရွှေနှင့်ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့်တို့ကို မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၁၀၉၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၄၅၄ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
