ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေလဲလှယ်သည့် ဆိုင်တစ်ဆိုင်ကို အမျိုးသား လေးဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ မြန်မာငွေ နှင့် နိုင်ငံခြားငွေများ လုယက်မှု ဒီဇင်ဘာ ၂ ရက် (ယနေ့) နံနက် ၇ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင်သို့ အမျိုးသားလေးဦးက ငွေလဲရန် ရောက်ရှိလာပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသားအား သေနတ်ဖြင့်ခြိမ်းခြောက်ကာ ထိန်းချုပ်ပြီး မြန်မာ၊ ထိုင်း နှင့် တရုတ်ငွေများအား လုယက်ပြီး ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ နံနက် ၇ နာရီ ၁၅ မိနစ်လောက်က ဖြစ်သွားတာပါ။ အခု လောလောဆယ်တော့ ဆိုင်က CCTV မှတ်တမ်းများဖြင့် လိုက်လံဖမ်းဆီး ပိတ်ဆို့ရှာဖွေ နေပါတယ် ”ဟု တာချီလိတ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုငွေလဲဆိုင် လုယက်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင်ရှိသည့် ရွှေဆိုင်တစ်ဆိုင်အား ၂၀၁၉ ခုနှစ် ဇူလိုင် ၈ ရက်က အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း တာချီလိတ်မြို့၌ ရွှေဆိုင်များ လုယက်ခံရမှုဖြစ်စဉ်များကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ရန် ရွှေဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံပြီး တိုက်တွန်းထားကြောင်း၊ ယခုနှစ် တာချီလိတ်မြို့၌ ရွှေဆိုင်များလုယက်ခံရမှုများမှာ လေးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
