Top News

နှစ်ဖက်မိဘများက သဘောမတူ၍ ခွဲထားသဖြင့် ယောကျင်္ားလေးဖြစ်သူ အဆိပ်သောက် သေဆုံးပြီးနောက် မိန်းကလေးဖြစ်သူကပါ အဆိပ်သောက် သေဆုံးမှု တွံတေးမြို့နယ်တွင် ဖြစ်ပွား
24htopnews | December 24, 2024 10:12 AM CST

တွံတေးမြို့နယ်တွင် ခိုးရာလိုက်ပြေးသည့် ချစ်သူနှစ်ဦးကို နှစ်ဖက်မိဘများက သဘောမတူ၍ ခွဲထားသဖြင့် ယောကျင်္ားလေးဖြစ်သူ အဆိပ်သောက်သေဆုံးခဲ့ပြီးနောက် မိန်းကလေးဖြစ်သူကပါ အဆိပ်သောက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

“သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ သုံးလလောက်က ခိုးရာလိုက်ပြေးဖူးတယ်။ အဲဒီကို မိဘတွေက သဘောမတူလို့ခွဲထားတာပေါ့။ ကောင်လေးက ဒီဇင်ဘာ ၁ ရက်နေ့မှာ အဆိပ်သောက် သေဆုံးတယ်။ ကောင်မလေးက ဒီဇင်ဘာ ၂ ရက်မှာ ကောင်လေး အလောင်းနား လာငိုပြီးတော့ အိမ်ပြန်ပြီး သူပါ အဆိပ်သောက်သေဆုံးခဲ့တာပါ ” ဟု တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက  ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင်ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က တွံ့တေး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ တာဝန်ဆောင်ရွက်နေစဉ် သဝန်းတောကျေးရွာတွင် အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံး ကြောင်းသိရသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ကိို.....(၁၇) နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက်တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးရာ  ကို....(၁၇)နှစ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ရင်ဘတ်ပူလောင်သဖြင့်ရေတိုက်ရန်ပြောဆိုသဖြင့် မိခင်ဖြစ်သူ က ရေခပ်တိုက်ခဲ့ကြောင်း၊ ရေသောက်ပြီး နောက် ကို.....(၁၇)နှစ်မှာ နေအိမ်ဧည့်ခန်းအတွင်း လဲကျသွားခဲ့ပြီး သတိပြန်လည်ရရှိလာ ခြင်းမရှိဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့်   ၄င်းမှာ ပြီးခဲ့သည့်သုံးလခန့်က အိမ်နီးချင်း နေ မိန်းကလေးတစ်ဦးဖြစ်သည့် မ....(၁၉)နှစ် နှင့် ခိုးရာလိုက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရသိရသည်။

 ယင်းနောက် ၎င်းတို့နှစ်ဦးကို နှစ်ဖက်မိဘများ သဘောမတူသဖြင့်ခွဲထားရာမှ စိတ်ညစ်နေသူ တစ်ဦးဖြစ်ကြောင်း သိရ ပြီး ၎င်း၏ခန္ဓာကိုယ်ရုပ်လောင်းအား ကနဦး ရင်ခွဲစစ်ဆေးခဲ့ရာ အဆိပ်(သို့မဟုတ်) သေစေနိုင်သည့်ဆေးဝါးတစ်ခုခုအား သောက်သုံးထားသည့် အနေအထားကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း ယင်းကျေးရွာနေ ကို.......(၁၇)နှစ်နှင့် ခိုးရာလိုက်ပြေးသည့် မ.....(၁၉)နှစ်မှာ ၄င်းနေထိုင်သည့် နေအိမ်ဧည့်ခန်းအတွင်း လဲကျသွားရာမှ သတိပြန် လည်ရရှိလာခြင်းမရှိဘဲ သေဆုံးသွားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများရောက် ရှိလာပြီး စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသို့စစ်ဆေးရာ မ.....(၁၉) နှစ်မှာ အဆိပ်သောက်သေဆုံးသည့် ၎င်းချစ်သူ ကို.....(၁၇)နှစ်၏ အလောင်းဘေးသို့ ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီခန့်က ရောက်ရှိလာကာ ငိုနေခဲ့ပြီးနောက် “နင့် နောက် ငါလိုက်ခဲ့မယ်” ဟု ပြောဆိုကာ ၄င်း၏နေအိမ်သို့ပြန်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရသိရသည်။

ယင်းသို့ပြန်သွားခဲ့ပြီးနောက် မ... (၁၉)နှစ်မှာ အဆိပ်(သို့မဟုတ်)သေစေနိုင်သည့် ဆေးဝါးတစ်ခုကို သောက်သုံးကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေး ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်မှ ကို.....(၁၇)နှစ် သေဆုံးခဲ့မှုကို တွံ့တေးမြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ်(၂၆/၂၀၁၉)ဖြင့်လည်း ကောင်း၊ မ.....(၁၉)နှစ်သေဆုံးခဲ့မှုကို သေမှု သေခင်းအမှတ်စဉ် (၂၇/၂၀၁၉)ဖြင့်လည်း ကောင်းအမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


READ NEXT
Cancel OK