ပဲခူးမြို့ ဥဿာမြို့သစ်(၆)ရပ်ကွက် မင်းရဲကျော်စွာလမ်း အမှတ် ၃ နယ်မြေ ရဲစခန်းအပိုင်တွင် ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီ ခွဲခန့်က ခင်ပွန်းဖြစ်သူက ဇနီးအား လူမှုရေး ဖောက်ပြန်သည်ဟု စွပ်စွဲပြီး စကားများကြရာမှ ဇနီးဖြစ်သူက ဓားဖြင့်ထိုးမှုကြောင့် ခင်ပွန်းသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့ ဥဿာမြို့သစ် ၆ ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ အိမ်အမှတ် ၂၈၉ တွင် မင်းကျော်ခန့် ၂၆ နှစ် အဘ ဦးအောင်ဆန်းဦး ဆိုသူနှင့် မရီရီမွန် ၁၉ နှစ် အဘ ဦးတင်မျိုးအောင်ဆိုသူ ဇနီးမောင်နှံ နှစ်ဦးတို့သည် ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီခွဲခန့်က နေအိမ်၌ အတူရှိနေကြစဉ် ခင်ပွန်းဖြစ်သူက ဇနီးသည်အား အိမ်ထောင်ရေး ဖောက်ပြန်နေသည် ဟုဆိုကာ စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူက ဇနီးအား အရိုးအသွား ရှစ်လက်မခန့်ရှိသော စတီးဓားဖြင့် စတင်ထိုးခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဇနီးဖြစ်သူက စတီးဓားကို လုယူပြီး ခင်ပွန်းဖြစ်သူအား ပြန်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူ၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဇနီးသည်တွင်လည်း ထိခိုက်ဒဏ်ရာ အနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့၍ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
