မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းအင်အားပိုတောင့်တင်းရန် လာမည့်နွေရာသီတွင် (၃)နေရာ သို့မဟုတ် (၄)နေရာကို ဖြည့်တင်းနိုင်ရေး မျှော်လင့်နေလျက်ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းသည် ယခုရာသီတွင် ဖလား(၄)လုံးလမ်းကြောင်းပေါ်၌ရှိနေပြီး နည်းပြ ဂွါဒီယိုလာကလည်း သူ၏အသင်းအနေအထားကို ကျေနပ်အားရမှုရှိကြောင်း မကြာခဏဖွင့်ဟခဲ့သည်။
သို့သော် ဂွါဒီယိုလာမှာ ပြီးခဲ့သည့်သောကြာနေ့က သတင်းထောက်များသို့ ပြောကြားမှုတွင်မူ ယခုကဲ့သို့ အံ့အားသင့်ဖွယ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
'' ကျွန်တော်တို့ Holding Midfielder တစ်ယောက်ခေါ်ဖို့ ကြိုးပမ်းနေတာ သိကြပါတယ်။ ပြီးတော့ တခြားနေရာတွေလည်း တွေးနေပါတယ်။ နှစ်ရာသီအတွင်း ပြန်ကြည့်ရင် (၃)နေရာလည်း ဖြစ်နိုင်ပါတယ်။ အမှန်တရားက ကျွန်တော်တို့ မန်ဒီကို ပွဲအနည်းငယ်လောက်ပဲ သုံးခဲ့ရတယ်။ ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဒီနေရာအတွက် ကစားသမားသစ်ရှာဖို့ ကျွန်တော်တို့ တွေးနေပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ဖို့က (၃)နေရာ သို့မဟုတ် (၄)နေရာလောက်ရှိနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ တခြားစိတ်ကူးတွေလည်း ရှိပါတယ်'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
(၂၄)နှစ်အရွယ်ရှိ မန်ဒီမှာ ၂၀၁၇ နွေရာသီက မန်စီးတီးအသင်းသို့ ရောက်ရှိလာသော်လည်း ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရပြီး ပရီးမီးယားလိဂ် (၁၆)ပွဲသာ ပါဝင်ကစားထားနိုင်ခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ကွင်းလယ်လူ ဂွန်ဒိုဂန်၏အနာဂတ်နှင့်ပတ်သက်ပြီး အသင်းတွင် ကာလကြာရှည်ဆက်ရှိနိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။
ဂွန်ဒိုဂန်သည် မန်စီးတီးအသင်းနှင့်စာချုပ်မှာ ၂၀၂၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
