လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည့် ဆာလာအတွက် ကာဒစ်ဖ်အသင်းက လေယာဉ်ခရီးစဉ် စီစဉ်ပေးသော်လည်း ၎င်းကိုယ်တိုင်ငြင်းဆန်ခဲ့သည့် မက်ဆေ့ချ်မှတ်တမ်းများ ထွက်ပေါ်လာကြောင်း သိရသည်။
ကာဒစ်ဖ်အသင်းနှင့် နန့်စ်အသင်းသည် ဆာလာ၏ ပြောင်းရွှေ့ကြေးအတွက် အငြင်းပွားနေပြီး နန့်စ်အသင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ တိုင်ကြားထားသည်။
ယင်းအပြောင်းအရွှေ့တွင် အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သည့် မာ့ခ်မက်ကေး၏ ဖခင်ဖြစ်သူ ဝီလီမက်ကေးက ကာဒစ်ဖ်အသင်းသည် ဆာလာအား လျစ်လျူရှုခဲ့သောကြောင့် ကစားသမားအနေဖြင့် နန့်စ်သို့ပြန်မည့်ခရီးစဉ်ကို ကိုယ်တိုင်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘီဘီစီသတင်းဌာနသို့ ပြောကြားသည်။
ယင်းကဲ့သို့ပြောကြားပြီး မကြာမီမှာပင် ဆာလာနှင့် ကာဒစ်ဖ်အသင်း ကစားသမားဆက်ဆံရေးဆိုင်ရာတာဝန်ရှိသူ တို့ WhatApp မှတစ်ဆင့် အပြန်အလှန် ပြောကြားထားသည့် မက်ဆေ့ချ်မှတ်တမ်းကို ပြင်သစ်အခြေစိုက် Ouest-France သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဆာလာနှင့် ကာဒစ်ဖ်အသင်းတာဝန်ရှိသူသည် ပြင်သစ်၊ စပိန်ဘာသာစကားနှစ်မျိုးဖြင့် အပြန်အလှန် ပြောကြားထားပြီး ကာဒစ်ဖ်-ပါရီ ခရီးစဉ်အတွက် ၈၂ ပေါင်ကျသင့်မည့် ခရီးစဉ်ဖြတ်ပိုင်းကို ကာဒစ်ဖ်အသင်းတာဝန်ရှိသူက ပေးပို့ ခဲ့ကြောင်း၊ သို့သော် ဆာလာက တနင်္ဂနွေ နေ့တွင် နန့်စ်သို့သွား၍ တနင်္လာနေ့ ညပိုင်းတွင် ကာဒစ်ဖ်သို့ပြန်လာမည့် ခရီးစဉ်အတွက် ဝီလီမက်ကေးက ဖုန်းဆက်ထားသည်ဟု အ ကြောင်းပြန်ခဲ့ကြောင်း သိရသည်။
ဆာလာသည် ဇန် နဝါရီ ၂၁ ရက် ညပိုင်းက ကာဒစ်ဖ်သို့ပြန်လာစဉ် အင်္ဂလိပ်ရေလက်ကြား၌ လေယာဉ် ပျက်ကျ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
