Top News

El Clásico ပွဲမှာ လာလီဂါချန်ပီယံဆုကို အဆုံးအဖြတ်မပေးနိုင်ဟု ဗယ်လ်ဗာဒီ ဆို
24htopnews | December 24, 2024 10:12 AM CST

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားမည့် El Clásico ပွဲမှာ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၅၇)မှတ်ဖြင့် အဆင့် (၁) နေရာ၌ ရပ်တည်နေပြီး ဒုတိယနေရာမှ အက်သလက်တီကိုအသင်း(၅၀ မှတ်)ကို (၇) မှတ်နှင့် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၄၈ မှတ်)ကို (၉) မှတ်အထိ ဖြတ်ထားသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၂:၁၅ နာရီ)တွင် ကစားမည့် El Clásico ပွဲတွင် အဝေးကွင်း၌ ရီးယဲလ်အသင်းကို အနိုင်ရခဲ့မည်ဆိုပါက လာလီဂါချန်ပီယံဆုကို ရရှိရန် သေချာသလောက်ဖြစ်သွားမည်ဟု မီဒီယာများက သုံးသပ်နေကြသည်။

သို့သော် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက El Clásico ပွဲမှာ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်မပေးနိုင်ကြောင်း ဆိုခဲ့သည်။

ဗယ်လ်ဗာဒီက "လာလီဂါပြိုင်ပွဲပြီးဆုံးဖို့က အများကြီးကျန်ပါသေးတယ်။ တကယ်လို့ El Clásico ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလုပွဲက ပြီးဆုံးသေးမှာ မဟုတ်ပါဘူး။ အက်သလက်တီကိုအသင်းက ချန်ပီယံလုပွဲမှာ ရှိနေဦးမှာပါ။ El Clásico ပွဲရလဒ်က ချန်ပီယံဆုအတွက် အဆုံးအဖြတ်မပေးနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဗယ်လ်ဗာဒီက ယနေ့ညကစားမည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် စပိန်ဘုရင့်ဖလားရှုံးကြွေးကို ဆပ်ရန် ကြိုးစားလာမည်ဖြစ်သည့်အတွက် ခက်ခဲသည့်ပွဲစဉ် တစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK