ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီက El Clásico ပွဲတွင် ဘာစီလိုနာအသင်းနှင့် အမှတ်ကွာဟမှုကို လျော့ချနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၄၈) မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဘာစီလိုနာအသင်း (၅၇ မှတ်)နှင့် (၉) မှတ်အထိ ကွာဟနေသည်။
ဆိုလာရီက လာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ညကစားမည့် El Clásico ပွဲတွင် ဘာစီလိုနာအသင်းကို အိမ်ကွင်း၌ အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆိုလာရီက "ကျွန်တော်တို့အနေနဲ့ ဘုရင့်ဖလားအရှုံးကနေ ရုန်းထပြီး ဘာစီလိုနာနဲ့ပွဲမှာ (၃) မှတ်အပြည့်ရယူသွားမှာပါ။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကံတရားက ကျွန်တော်တို့ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာအသင်းကို အရင်ပွဲတွေကလိုပဲ အကောင်းဆုံးစိတ်ဓာတ်နဲ့ ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ လာလီဂါအမှတ်ပေးဇယားမှာ ထိပ်ဆုံးက အသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဖို့လည်း ကျွန်တော်တို့ ဆုံးဖြတ်ပြီးသားပါ။ ကျွန်တော်တို့အသင်းက ဒီထက်ပိုပြီး တိုးတက်လာဦးမှာပါ"ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီအတွင်း ဘာစီလိုနာအသင်းနှင့် (၃) ကြိမ်တွေ့ဆုံခဲ့ရာတွင် လုံးဝနိုင်ပွဲမရသေးဘဲ (၁) သရေကျကာ (၂) ပွဲရှုံးနိမ့်ထားသည်။
ယနေ့ည ဘာနေဗျူးတွင် ကစားမည့် El Clásico ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့၏ သမိုင်းတစ်လျှောက် (၂၄၂) ကြိမ်မြောက်ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် (၂၄၁) ကြိမ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက (၉၅) ကြိမ်၊ ဘာစီလိုနာအသင်းက (၉၅) ကြိမ်နိုင်နှင့် (၅၁)ပွဲသရေကျထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
