ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကိုက လာဇီယိုနှင့် ကစားမည့် ရောမဒါဘီပွဲစဉ်မှာ ၄င်းတို့အတွက် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရောမဒါဘီပွဲစဉ်ဖြစ်သည့် လာဇီယိုနှင့် ရိုးမားပွဲကို ယနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၂း၃၀ နာရီ)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် ရိုးမားအသင်းသည် ရမှတ် (၄၄) မှတ်ဖြင့် အဆင့် (၅)နေရာတွင်ရပ်တည်နေပြီး လာဇီယိုအသင်းမှာ ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်လျက်ရှိသည်။
ပထမအကျော့ရိုးမားကွင်း၌ ကစားခဲ့သည့်ပွဲစဉ်တွင် ရိုးမားအသင်းက (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ယခုညကစားမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ဒီဖရန်ဆက်စကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဖရန်ဆက်စကိုက ''ဒါဘီပွဲစဉ်တွေရဲ့ထုံးစံအတိုင်း ဒီပွဲစဉ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ လာဇီယိုအသင်းက ကွင်းလယ်အားကောင်းပြီး တန်ပြန်တိုက်စစ်တွေကစားတာ အရမ်းကိုကောင်းပါတယ်။ ကျွန်တော်ကတော့ လာဇီယိုနဲ့ပွဲမှာ ကစားသမားတွေရဲ့အနေအထားကို ကြည့်ပြီးနည်းစနစ်ပိုင်းကို ချမှတ်သွားမှာပါ။ ဒီပွဲစဉ်မှာ လာဇီယိုအသင်းက ကျွန်တော်တို့နဲ့အမှတ်ကွာဟမှုကို လျော့ချဖို့ကြိုးစားလာပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံးရလဒ်ရအောင် ကြိုးစားသွားမှာပါ'' ဟုပြောကြားသွားခဲ့သည်။
ထို့ပြင် ဒီဖရန်ဆက်စကိုက လာဇီယိုနှင့်ပွဲတွင် အသင်းကစားသမားများအနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
