မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက ချန်ပီယံလိဂ်ဝင်ခွင့်ရမှာသာလျှင် ကြယ်ပွင့်ကစားသမားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေသော်လည်း အဆင့် (၅)နှင့် အဆင့် (၆) တို့မှ အာဆင်နယ်၊ ချယ်လ်ဆီးတို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေ၍ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိနေသည်။
ဆိုးလ်ရှားသည် ယခုရာသီကုန်တွင် မန်ယူအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့မည်ဆိုပါက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။
ဆိုးလ်ရှားက '' ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့ဆိုတာက မန်ယူအသင်းအတွက် သိပ်ခက်ခဲတဲ့ အရာတော့မဟုတ်ပါဘူး။ မန်ယူအသင်းဟာ သမိုင်းအစဉ်အလာကြီးမားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အတိတ်ကအောင်မြင်မှုတွေအပေါ် သာယာနေလို့ မရတော့ပါဘူး။ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ဆိုရင် မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လိုပါတယ်။ အခုမန်ယူအသင်းမှာ ရှိနေတဲ့ကစားသမားတိုင်းက အသင်းရဲ့ပွဲထွက်ခွင့်အတွက် အမြဲတမ်းယှဉ်ပြိုင်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသင်းက ပိုမိုတိုးတက်လာမှာပါ။ ကျွန်တော့်အနေနဲ့ မန်ယူအသင်းရဲ့ကစားသမားတွေကို ပိုမိုတိုးတက်စေချင်ပါတယ်။ ကစားသမားတွေကို တိုးတက်အောင်လုပ်ပေးဖို့က ကျွန်တော့်ရဲ့အလုပ်ဖြစ်ပြီး မန်ယူအသင်းမှာ ရှိတဲ့ကစားသမားတိုင်းကို အောင်မြင်မှုတွေရရှိအောင်ကူညီပေးချင်ပါတယ်'' ဟုပြောကြားခဲ့သည်။
မန်ယူအသင်းသည် လာမည့် မတ်လ(၇)ရက်နေ့တွင် PSG အသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်၊ မတ်လ (၁၀) ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကိုဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များတွင် ရလဒ်ကောင်းရရန်ကြိုးပမ်းသွားမည်ဟု ဆိုးလ်ရှားကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
