လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်တွင် အဲဗာတန်အသင်းကို အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
စနေနေ့က ကစားခဲ့သည့် ပွဲစဉ်တွင် မန်စီးတီးအသင်းအနိုင်ရရှိခဲ့သည့်အတွက် လီဗာပူးလ်အသင်းမှာ အဆင့် (၂)နေရာသို့ ဆင်းပေးခဲ့ရပြီး အဲဗာတန်အသင်းကို အနိုင်ရမှသာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်မည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ၂၀၁၉ ခုနှစ်အတွင်း ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် (၅-၀)ဂိုးဖြင့် အနိုင်ရကာ ပုံစံကောင်းကို ပြန်လည်ပြသနိုင်ခဲ့သည်။
မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်နှင့်ပတ်သက်ပြီး ဗန်ဒိုက်က ''ဒါဘီပွဲစဉ်တွေကို ကျွန်တော်နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဘီပွဲစဉ်တွေက လူတိုင်းကို စိတ်လှုပ်ရှားမှု ပိုပေးနိုင်လို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ အဲဗာတန်နဲ့ကစားမယ့် မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ အနိုင်ရဖို့ကြိုးစားသွားမှာပါ။ အဲဗာတန်နဲ့ပွဲမှာ လှလှပပ ကစားပြီးအနိုင်ရဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ လှလှပပကစားလို့ အနိုင်ရဖို့မဖြစ်နိုင်ဘူးဆိုရင်တော့ အရုပ်ဆိုးရင်ဆိုးပါစေ နိုင်ပွဲအတွက် ကျွန်တော်တို့အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ဗန်ဒိုက်က ဝက်ဖို့ဒ်နှင့်ပွဲတွင် ကိုယ်တိုင်ဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ခြင်းထက် Clean Sheet ရရှိခဲ့ခြင်းကို ပိုမိုကျေနပ်ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော့်အတွက် ပြောရရင်တော့ ဂိုး (၂) ဂိုးသွင်းနိုင်တာက သိပ်ကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီပွဲမှာ ကိုယ်တိုင်ဂိုးသွင်းနိုင်တာထက် အသင်းက Clean Sheet ရရှိခဲ့တာကို ပိုပြီးကျေနပ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုထက်ထိ တိုးတက်မှုတွေ ရှိဖို့လိုအပ်နေတုန်းပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်ကြိုးစားနေပါတယ်။ ကစားသမားဘဝ တိုးတက်ဖို့က အစွမ်းကုန်လေ့ကျင့်ပြီး အစွမ်းကုန်ကြိုးစားသွားမှာပါ'' ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
