Top News

အသေးစားခွဲစိတ်မှုသာ ပြုလုပ်ရမည်ဖြစ်ပြီး စိတ်ပူစရာမရှိဟု သူ၏ ကျန်းမာရေးနှင့်ပတ်သက်၍ မော်ရင်ဟို အသိပေး
24htopnews | December 24, 2024 8:12 AM CST

ဖီနာဘာချီအသင်း၏ နည်းပြဖြစ်သည့် ဟိုဆေးမော်ရင်ဟိုက ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အသေးစားခွဲစိတ်မှုသာ ပြုလုပ်ရမည်ဖြစ်ပြီး စိတ်ပူစရာမရှိကြောင်း ပရိသတ်များအား အသိပေးပြောကြားခဲ့သည်။

မော်ရင်ဟို (၆၁ နှစ်) အနေဖြင့် ကျန်းမာရေးပြဿနာကြောင့် ပြည်ပသို့ သွားရောက်၍ ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းအတွက် ပရိသတ်များက စိုးရိမ်ပူပန်လျက်ရှိရာ ၎င်းက ''စိုးရိမ်ပူပန်နေကြသူတွေအတွက် ကျွန်တော့်ရဲ့ ခွဲစိတ်မှုသတင်းက အရမ်းချဲ့ကားထားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ အဲဒါက လျင်မြန်ပြီး အသေးစားလုပ်ငန်းစဉ်တစ်ခုပါပဲ။ အားလပ်ရက်က ပြန်လာတဲ့ ပထမဆုံးနေ့မှာ ဖီနာဘာချီအသင်းနဲ့အတူ ပြုလုပ်ရမယ့်  လေ့ကျင့်ရေးအစီအစဉ်တွေကို ကျွန်တော် စတင်မှာပါ။ အဲဒီလို အမြဲတမ်း လုပ်နေကျပါ။ ကျွန်တော့်ရဲ့နည်းပြဘဝ သက်တမ်း (၂၅) နှစ်အတွင်းမှာ လေ့ကျင့်မှုအစီအစဉ်ကို တစ်ကြိမ်မှ ကျွန်တော် မလွတ်ဖူးပါဘူး'' ဟု  ပြောကြားခဲ့သည်။


READ NEXT
Cancel OK