Top News

အိမ်ကွင်း၌ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ခြင်းမှာ ကြီးမားသည့်ထိုးနှက်ချက်ဟု ပတ်ဒရီ ဆို
24htopnews | December 24, 2024 5:12 AM CST

ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက အိမ်ကွင်းတွင် အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့အသင်းအတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် စနေနေ့က ကစားသည့်ပွဲတွင် လာလီဂါချန်ပီယံလုဖက် အက်သလက်တီကိုအသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ယင်းပွဲအပြီးတွင် ဘာစီလိုနာအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပါ အက်သလက်တီကိုအသင်းထံ လွှဲပေးခဲ့ရရာ ရှုံးချက်နာခဲ့သည်။

ပွဲအပြီးတွင် ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက ''ဒီပွဲအရှုံးက လက်ခံဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ (၁-၀)ဂိုးနဲ့ ဦးဆောင်နေတဲ့အချိန်မှာ ပွဲကိုအဆုံးသတ်နိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ လာလီဂါမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရမှာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK