မန္တလေးမဟာမုနိဘုရားကြီးရင်ပြင်တော် ပတ်ပတ်လည်အား နေအပူဒဏ်ခံနိုင်ရန် စကျင်ကျောက်ပြားများအစားထိုးကာ ပြောင်းလဲခင်းကျင်းမှု ပြုလုပ်လျက်ရှိကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားကြီးရင်ပြင်တော် ပတ်ပတ်လည်တွင် လက်ရှိလင်းထားသာကျောက်ပြားများမှာ အပူဒဏ်မခံနိုင်သည့်အတွက် နေ့ခင်းပိုင်းအချိန်များတွင် လာရောက်သည့် ဘုရားဖူးများ သွားလာရာတွင်အခက်အခဲ ဖြစ်ပေါ်ခြင်းကြောင့် ဂေါပကအဖွဲ့မှ အပူဒဏ်ခံ စကျင်ကျောက်များ ခင်းကျင်းခြင်းရန်ဆောင်ရွက်ခြင်းဖြစ်ကာ ဘုရားကြီး အနောက်မြောက်နှင့် အနောက်တောင်ရင်ပြင် တော်အခြမ်းတွင် လုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိသည်။
“အခုရင်ပြင်တော်မှာ စကျင်ကျောက် ပြားတစ်လက်မထုတွေမှာပြီး ပြုပြင်ခင်းမှာပါ။ ဒီပြန်ခင်းတဲ့နေရာမှာ ရေတွေ ဘာတွေ မတင်ဖို့အတွက် ဘုရားကြီးအခြေကနေ ရေဆင်းပါအောင် အခုဟာတွေအားလုံးခွာပြီး ပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမှာဖြစ်တယ်။ အခုကတော့ အနောက်တောင်ထောင့်မှာ စလုပ်နေတယ်။ ပြီးရင် ရင်ပြင်တော်လေးဖက်လုံး တစ်ဖက်ပြီး တစ်ဖက် လုပ်သွားမှာပါ။ အနောက်တောင် ထောင့်ကိုအရင်လုပ်တာက တန်ဆောင်မုန်းဆို မသိုးသင်္ကန်းပွဲလုပ်တာဖြစ်တာကြောင့် အမီပြီးအောင် အရင်ဆောင်ရွက်နေတာပါ” ဟု ဘုရားကြီး ဂေါပကအဖွဲ့အဝင် ဦးဆန်းကပြောကြားသည်။
ဂေါပကအဖွဲ့အနေဖြင့် ဘုရားဖူး ပြည်သူများနှင့် ဘုရားအတွက် လိုအပ်သည့်ပြု ပြင်မွမ်းမံမှုများကို ပြုလုပ်လျက်ရှိကာ ကျောင်းတော်ကြီးအတွင်း တိုင်လုံးများတွင် ကျောက်စိမ်းပြားကပ်ရန် ကျန်ရှိသည်များကိုလည်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်လုံးများရှိ ရွှေရေးပန်းချီများကိုမူလ လက်ရာအတိုင်း မပျက်စီးစေရန် ပြုပြင်ထိန်းသိမ်းခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရ သည်။
ယင်းကဲ့သို့ ဘုရားကြီးအတွင်း ပြုပြင် မွမ်းမံကုန်ကျစရိတ်များအတွက် ဂေါပကအဖွဲ့အနေဖြင့် ဘုရားဘဏ္ဍာငွေမှ အသုံးပြု ခြင်းနှင့် ထပ်မံအလှူခံခြင်းများ ပြုလုပ်သုံးစွဲ ခြင်းဖြစ်ကာ စကျင်ကျောက်ပြားခင်းခြင်း အတွက်လည်း ကုန်ကျစရိတ်တွက်ချက်၍ အများပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန် အလှူခံခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
