ဗီယက်နမ်နိုင်ငံသား ခံယူထားသည့် ဘရာဇီးလ်နိုင်ငံဖွား ဗီယက်နမ်အသင်း တိုက်စစ်မှူး ငုရင်ရှောင်ဆင်က မြန်မာ့လက်ရွေးစင်အသင်းနောက်ခံလူ စိုးမိုးကျော်နှင့် ကွင်းအတွင်း အချေအတင်ဖြစ်မှုများကို ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများထံပြောကြားခဲ့သည်။
ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်အသင်းက(၅-၀) ဂိုးဖြင့် ပြတ်သားစွာ အနိုင်ရခဲ့သည်။
ယင်းပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘရာဇီးလ်နိုင်ငံဖွား ဗီယက်နမ်အသင်းတိုက်စစ်မှူး ငုရင်ရှောင်ဆင်နှင့် မြန်မာအသင်းနောက်ခံလူ စိုးမိုးကျော်တို့သည် အမြင့်ဘောကို ခေါင်းချင်းယှဉ်တိုက်ရာမှ အပြန်အလှန် အချေအတင်စကားများခဲ့ကြခြင်းဖြစ်သည်။
ရုပ်သံပြကွက်များအရ ကစားသမားနှစ်ဦး ယှဉ်တွဲအတူလျှောက်ရင်း စကားအချေအတင်များနေစဉ် ဘရာဇီးလ်နိုင်ငံဖွား ဗီယက်နမ်အသင်းတိုက်စစ်မှူး ငုရင်ရှောင်ဆင်က မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ စိုးမိုးကျော်အား လက်နှစ်ချောင်းထောင်ပြခဲ့သည်ကို ပရိသတ်များ မြင်တွေ့ခဲ့ရသည်။
ယင်းပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ စိုးမိုးကျော်က သူ၏ Facebook လူမှုကွန်ရက်မှနေ၍ ယင်းဖြစ်စဉ်အပေါ် ရှင်းလင်းပြောကြားခဲ့သည်။
စိုးမိုးကျော်က ''ကျွန်တော်နဲ့ ဗီယက်နမ်ကစားသမား လေပေါ်ခေါင်းတိုက်တဲ့အချိန်မှာ သူ လဲကျသွားတယ်။ အဲဒါ မင်းကို ငါ မထိဘူး။ မင်းဘာလို့ လဲနေတာလဲ မေးတာကို ငါ မင်းတို့ကို နှစ်ဂိုးသွင်းထားတယ်။ ပါးစပ်ပိတ်ထားလို့ ပြောပါတယ်။ ဗီယက်နမ်ကစားသမားတွေ အကုန်လုံးက ငါတို့ကို လေးစားမှုရှိတယ်။ မင်းက ငါတို့ကို လေးစားမှုမရှိဘူး။ ဒါဆို မင်းက ဗီယက်နမ် မဟုတ်ဘူးလို့ ကျွန်တော်ပြောတာပါ။ အလကားနေ မင်း ဗီယက်နမ် မဟုတ်ဘူးလို့ လိုက်ပြောစရာမရှိပါဘူး။ သူများပြောဆိုတာပဲ အတင်း မယုံစေချင်ပါဘူး။ I fully respect Vietnam people and Vietnam players'' ဟု ရေးသားရှင်းလင်းခဲ့သည်။
ဗီယက်နမ်အသင်းတိုက်စစ်မှူး ငုရင်ရှောင်ဆင်က ''မြန်မာအသင်း ကျောနံပါတ် (၄) က ကျွန်တော့်ကို ဗီယက်နမ် မဟုတ်ဘူးလို့ ပြောပါတယ်။ ငါ ဗီယက်နမ်ကို ချစ်တယ်။ တွယ်တာတယ်။ ငါ ဒီမှာ နေလာတာ (၅) နှစ်ရှိပြီ။ ဒါ မိသားစုပဲ။ ငါ့မြေပဲလို့ ကျွန်တော် သူ့ကို ပြန်ပြောလိုက်ပါတယ်။ ကျွန်တော် ဒီမှာနေထိုင်ရတာ အရမ်းသက်သောင့်သက်သာဖြစ်ပါတယ်။ ဗီယက်နမ်အသင်းနဲ့အတူ ကျွန်တော့်ရဲ့ အဖွင့်စတင်မှုက လှပခဲ့ပါတယ်။ ဗီယက်နမ်ကို ကျွန်တော် လေးစားတယ်။ ဒီက ပြည်သူတွေက ကူညီကြတယ်''ဟု မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ရာဖယ်ဆင်ဟု အမည်ရင်းရှိသည့် ဘရာဇီးလ်နိုင်ငံဖွား တိုက်စစ်မှူး ငုရင်ရှောင်ဆင်သည် ဗီယက်နမ်အသင်းအတွက် ပထမဆုံးပွဲအဖြစ် မြန်မာအသင်းနှင့်ပွဲတွင် စတင်ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
