Top News

အစိုးရ ရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သော ရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် သတ်မှတ်
24htopnews | December 23, 2024 8:12 PM CST

စိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည် အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တို့ ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် (ရုံးပိတ်ရက် ၅ ရက်)၊ ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည့် မတ် ၁၂ ရက် (ရုံးပိတ်ရက် ၅ ရက်)၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်(ရုံးပိတ်ရက် ၄ ရက်)၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာ ၂၆ ရက်(ရုံးပိတ်ရက် ၄ ရက်) တို့အား တစ်ဆက်စပ်တည်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ထားသည်။

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့ တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်(စနေနေ့)သည် အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ် ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK