အာဆင်နယ်အသင်းသည် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း မတူညီသည့် အဝေးကွင်းပွဲစဉ်(၆)ပွဲ၌ (၅)ဂိုးနှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးအင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် စနေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်း၌ (၅-၁)ဂိုးဖြင့် အနိုင်ရရှိသည့်အတွက် အဆိုပါမှတ်တမ်းအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဝက်စ်ဟမ်းကို (၆-၀)ဂိုး၊ ဘန်လေကို (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး မတ်လအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင်လည်း ရှက်ဖီးယူနိုက်တက်ကို (၆-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်၌ စပို့တင်းလစ္စဘွန်းကို (၅-၁)ဂိုး၊ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းကို (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခု နောက်ဆုံးအဖြစ် ခရစ္စတယ်ပဲလေ့စ်ကို (၅-၁)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းမတိုင်မီက အင်္ဂလန်၏ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲတစ်ခု၌ ယခုကဲ့သို့ စွမ်းဆောင်နိုင်သည့်အသင်း မရှိခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် တိုက်စစ်ပိုင်း အဆုံးသတ်အားနည်းချက်များကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူအားဖြည့်ရန် အကြံပြုမှုများရှိခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲတွင် ဂျေးဇူး၏ ခြေစွမ်းပြသွင်းဂိုးများနှင့်အတူ ဂိုးသွင်းနှုန်းများ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ဂျေးဇူးသည် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ခဲ့သည့် လိဂ်ဖလားနှင့် ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ဂိုးမြူးခဲ့ခြင်းဖြစ်ပြီး လိဂ်ဖလားတွင် ဟက်ထရစ်၊ ပရီးမီးယားလိဂ်တွင် (၂)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် နောက်ဆုံးနှစ်ပွဲတွင် (၅)ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ယင်းမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲပေါင်း (၄၅)ပွဲမှ သွင်းဂိုးအရေအတွက်နှင့် တူညီခဲ့ကြောင်းလည်း သိရသည်။
အာဆင်နယ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် Set-piece နည်းပြ ဂျိုဗာလက်ထက်၌ ပရီးမီးယားလိဂ်တွင် ထောင့်ကန်ဘောမှ အကြိမ်(၅၀)မြောက်ဂိုး သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရသည်။ ဂျိုဗာသည် အာဆင်နယ်အသင်းသို့၂၀၂၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ထောင့်ကန်ဘောမှ ဂိုးများစွာ သွင်းယူနိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီမှ စတင်တွက်ချက်လျှင် ပရီးမီးယားလိဂ်၌ ထောင့်ကန်ဘောမှ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ် ရပ်တည်နေသလို၊ Set-piece နည်းပြ ဂျိုဗာ ရောက်ရှိလာချိန်မှ စတွက်လျှင်လည်း ပရီးမီး ယားလိဂ်၌ ထောင့်ကန်ဘောမှ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ်တွင် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း လန်ဒန်ဒါဘီပွဲစဉ်များ၌ ရှုံးပွဲမရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် လန်ဒန်ဒါဘီ(၁၀)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၈)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပြီး ၂၀၀၅ ခုနှစ်က လန်ဒန်ဒါဘီပွဲများတွင် ချယ်လ်ဆီးအသင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
