ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ပြီးနောက် ခြေစွမ်းကျဆင်းနေသည့် မိမိတို့အသင်းအတွက် ဆောင်းရာသီနားရက် (Winter Break) မှာ လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဘာစီိလိုနာအသင်းသည် ဒီဇင်ဘာ (၂၁) ရက်(စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် အိမ်ကွင်း၌ အက်သလက်တီကိုအသင်းကို ပွဲချိန် (၃၀) မိနစ်တွင် သွင်းယူခဲ့သည့် ကွင်းလယ်ကစားသမား ပတ်ဒရီ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဘာစီလိုနာအသင်းသည် အနိုင်ကို ထိန်းကစားနိုင်ခြင်းမရှိဘဲ ပွဲချိန် (၆၀)မိနစ်တွင် ချေပဂိုးပေးခဲ့ရသလို၊ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် အနိုုင်ဂိုးပါ ခွင့်ပြုခဲ့ရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ဘာစီလိုနာအသင်းသည် ယင်းရှုံးပွဲကြောင့် လာလီဂါအ မှတ်ပေးဇယားထိပ်ဆုံးမှ ဆင်းပေးခဲ့ရပြီး တစ်ပွဲလျော့ကစားထားသည့် အက်သလက်တီကိုအသင်း(၄၁ မှတ်)နှင့် (၃) မှတ် ကွာဟသွားခဲ့သည်။ ဘာစီလိုနာအသင်းသည် လာလီဂါနောက်ဆုံး (၇)ပွဲတွင် (၁) ပွဲသာ အနိုင်ရခဲ့သည်။
လာလီဂါပြိုင်ပွဲမှာ ယခုတစ်ပတ်ပွဲစဉ်များအပြီးတွင် ဆောင်းရာသီနားရက် (Winter Break) အဖြစ် တစ်လခန့်အနားယူမည်ဖြစ်ရာ ခြေစွမ်းကျဆင်းနေသည့် ၎င်းတို့အသင်းအတွက် ယင်းနားရက်မှာ လိုအပ်ကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဝန်ခံခဲ့ခြင်းဖြစ်သည်။
ဟန်ဆီဖလစ်ခ်က "အခု ကျွန်တော်တို့ ဆောင်းရာသီနားရက် ရခဲ့ပါပြီ။ ဒီနားရက်က လူတိုင်းလိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆောင်းရာသီနားရက်အပြီးမှာ ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်မှာဖြစ်ပြီး ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသသွားမှာပါ။ အက်သလက်တီကိုနဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး စိတ်ပျက်ရပါတယ်။ အခု ခရစ္စမတ်ကို ဆင်နွှဲမှာပါ။ ပြီးရင် ဒီဇင်ဘာ (၂၉)ရက်မှာ ပြန်လည်လေ့ကျင့်မှာဖြစ်ပြီး ဒုတိယရာသီဝက်အတွက် ပြင်ဆင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဆောင်းရာသီနားရက်အပြီးတွင် ပထမဆုံးပွဲစဉ်အဖြစ် ၂၀၂၅ ဇန် နဝါရီ (၂၅) ရက်တွင် စပိန်ဘုရင့်ဖလားပွဲစဉ်အဖြစ် ဘာဘက်စ်ထရိုအသင်းနှင့် ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
