လာဇီယိုကစားသမားများသည် လက်ချီအသင်းအား အနိုင်ရသည့်ပွဲတွင် အသင်းနောက်ခံကစားသမား မာရူဆစ်၏ နောက်ကျအနိုင်ဂိုးအတွက် အောင်ပွဲခံရာတွင် အိမ်ရှင်လက်ချီပရိသတ်များ၏ခဲဖြင့် ပစ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ (၂၁) ရက်(စနေနေ့) က ကစားခဲ့သည့် စီးရီးအေပွဲစဉ် လက်ချီ (၁-၂) လာဇီယိုပွဲ၌ လာဇီယိုအသင်းအတွက် ပွဲချိန် (၈၈) မိနစ်တွင် နောက်ခံကစားသမား အဒမ်မာရူဆစ် က အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။ မာရူဆစ်သည် လာဇီ ယိုအသင်းအတွက် အနိုင်ဂိုးသွင်းပြီး နောက် အဝေးကွင်းပရိသတ်များဖြစ်သည့် လာဇီယိုပရိသတ်များ ရှိရာသို့ ပြေးလွှားကာ ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့သည်။
ယင်းသို့ အောင်ပွဲခံနေချိန်တွင် အိမ်ရှင် လက်ချီပရိသတ်များက လာဇီယိုကစားသမားများကို ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လာဇီယိုကစားသမားများအနေဖြင့် ခဲထိမှန်ခြင်းရှိ၊ မရှိ မသိရသော်လည်း အောင်ပွဲခံပြီး ပြန်လာချိန်တွင် လာဇီယိုကွင်းလယ်ကစားသမား ဂန်ဒူဇီက ခဲကိုကိုင်ကာ လက်ချီပရိသတ်များက ၎င်းတို့ကို ပစ်ပေါက်ခဲ့ကြောင်း ကွင်းလယ်ဒိုင်ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဂန်ဒူဇီသည် ခဲကို စတုတ္ထဒိုင်လူကြီးထံ အပ်ခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် ဂန်ဒူဇီအနေဖြင့် စတုတ္ထဒိုင်ဆီသို့ ခဲသွားအပ်ရာတွင် လမ်းလျှောက်ရာ၌ တမင်နှေးနှေးလျှောက်ပြီး အချိ်န်ဆွဲသည်ဟုဆိုကာ လက်ချီကစားသမားများက ဒေါသထွက်ခဲ့ကြောင်း သိရသည်။ သို့သော် ယင်းအခြေအနေကို ပြဿနာမဖြစ်အောင် ကွင်းလယ်ဒိုင်က ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ လာဇီယိုကစားသမားများကို ခဲဖြင့်ပစ်ပေါက်ခဲ့သည့် ပရိသတ်များကြောင့် လက်ချီ အသင်း အရေးယူခံရဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
