Top News

ဖေမီနိုကိုခေါ်ယူရန် ဂါလာတာစာရေးနှင့် ဖီနာဘာချီ အပြိုင်ဖြစ်နေ
24htopnews | December 23, 2024 7:12 PM CST

တူရကီထိပ်တန်းကလပ်များဖြစ်သည့် ဂါလာတာစာရေးနှင့် ဖီနာဘာချီအသင်းတို့သည် ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှ ဘရာဇီးလ်ဝါရင့်တိုက်စစ်မှူး ဖေမီနိုကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဖေမီနို (၃၃ နှစ်)သည် ၂၀၂၃ နွေရာသီတွင် လီဗာပူးလ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံသို့ ပြောင်းရွှေ့ကစားနေသူဖြစ်သည်။

၎င်းသည် အယ်လ်အာလီအသင်းတွင် တစ်နှစ်လစာ ယူရိုသန်း(၂၀) ရရှိနေပြီး စာချုပ်သက်တမ်းမှာ ၂၀၂၆ မှ ကုန်ဆုံးမည်ဖြစ်သည်။

သို့သော် အယ်လ်အာလီအသင်းသည် အသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ဖေမီနိုအား လာမည့်ဇန်နဝါရီတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

ယခုအခါ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနိုအား ခေါ်ယူရန် ဂါလာတာစာရေးနှင့် ဖီနာဘာချီတို့အပြိုင်စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ဥရောပတွင် ပြန်ကစားလိုနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK