Top News

မိမိအနေဖြင့် ယူရို-၂၀၂၄ ဗိုလ်လုပွဲမတိုင်မီကတည်းက အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆောက်ဂိတ် ဖွင့်ဟ
24htopnews | December 23, 2024 7:12 PM CST

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဟောင်း ဆောက်ဂိတ်က မိမိအနေဖြင့် အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးမှ နုတ်ထွက်ရန် ယူရို-၂၀၂၄ ဗိုလ်လုပွဲမတိုင်မီကတည်းက ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် ၂၀၁၆ တွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ယူရို- ၂၀၂၄ ပြိုင်ပွဲအပြီး (၂)ရက်အကြာတွင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ဗိုလ်လုပွဲ၌ စပိန်အသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဆောက်ဂိတ်အနေဖြင့် အင်္ဂလန်အသင်းအား ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခြင်းမရှိသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့သော်လည်း ၎င်းက အစောပိုင်းကတည်းက  ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ရာထူးမှ နုတ်ထွက်ပြီးနောက် ပထမဆုံးပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ဆောက်ဂိတ်က ''နှစ်ဖက်စလုံးအတွက် အပြောင်းအလဲတွေလုပ်ရမယ့် အချိန်ရောက်ပြီလို့ ယူဆတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် အင်္ဂလန်နည်းပြဘဝ၌ အနှစ်သက်ဆုံးအခိုက်အတန့်မှာ ယူရို- ၂၀၂၀ ဆီမီးဖိုင်နယ်တွင် ဒိန်းမတ်အသင်းကို အနိုင်ရခဲ့သည့် အခိုက်အတန့် ဖြစ်ပြီး ပထမဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK