Top News

စီရော်နယ်လ်ဒိုကဲ့သို့ ကစားသမားများ ရရှိရန်အတွက် ပေါ်တူဂီတွင် ကင်းထောက်အရေအတွက် ပိုမိုထားရှိရန် မန်ယူအသင်းကို အာမိုရင်မ် တောင်းဆိုထား
24htopnews | December 23, 2024 7:12 PM CST

မန်ယူအသင်း၏နည်းပြ အာမိုရင်မ်သည် စီရော်နယ်လ်ဒိုကဲ့သို့ ကစားသမားများ ရရှိရန်အတွက် ပေါ်တူဂီတွင် ကင်းထောက်အရေအတွက် ပိုမိုထားရှိရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သိရသည်။

မန်ယူအသင်းသည် ကမ္ဘာကျော်ကစားသမားဖြစ်လာမည့် စီရော်နယ်လ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းထံမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

အာမိုရင်မ်က ပေါ်တူဂီမှ စီရော်နယ်လ်ဒိုလက်သစ် ကစားသမားများ ထပ်မံပေါ်ထွက်လာမည်ဟု ယုံကြည်နေသည့်အတွက် ကင်းထောက်အင်အားကို ပိုမိုတိုးမြှင့်ရန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် လက်ရှိအချိန်၌ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့ စသည့် ပေါ်တူဂီကစားသမားများကို ပိုင်ဆိုင်ထားသော်လည်း ပြီးခဲ့သည့်နှစ်ကာလများအတွင်း ကင်းထောက်များ၏ အားနည်းချက်ကြောင့် ဘာနာဒိုဆေးလ်ဗား၊ နယ်ဗီးစ်၊ ရူဘင်ဒီယက်စ်၊ ရာဖေးလ်လီယာအို စသည့် ပေါ်တူဂီကြယ်ပွင့်များကို လက်လွတ်ခဲ့ရသည်ဟု အာမိုရင်မ်က ရှုမြင်နေကြောင်း သိရသည်။

ထို့ကြောင့် ပေါ်တူဂီစျေးကွက်အတွက် ကင်းထောက်အဖွဲ့သစ်ဖွဲ့စည်း၍ စေလွှတ်သွားစေရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK