မာဆေးလ်နည်းပြ ဒီဇယ်ဘီက ၎င်းတို့အသင်း ခေါ်ယူရန် ချိတ်ဆက်နေသည့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဘာသာ အသင်းသို့ လာရောက်ကစားမည်ဆိုပါက ကြိုဆိုကာ နေရာပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ ပေါ့ဘာသည် တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့် (၄) နှစ် ပိတ်ပင်ခံခဲ့ရသော်လည်း အားကစားခုံရုံး(CAS) ထံ အယူခံဝင်ရာ အောင်မြင်ခဲ့သဖြင့် ပြစ်ဒဏ်မှာ (၁၈) လသို့ လျော့ကျခဲ့သည်။
ထို့ကြောင့် ပေါ့ဘာအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဘောလုံးပြန်ကစားနိုင်တော့မည်ဖြစ်သည်။
သို့သော် ပေါ့ဘာသည် နိုဝင်ဘာလတွင် ဂျူဗင်တပ်စ်အသင်းနှင့်ချူပ်ဆိုထားသည့် စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းခဲ့ရာ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။
လက်ရှိတွင် ပေါ့ဘာအား ခေါ်ယူရန် မာဆေးလ်၊ မန်စီးတီးနှင့် ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းတို့က ကြိုးပမ်းနေကြပြီး မာဆေးလ်အသင်းမှာ အခြေအနေအကောင်းဆုံးဖြစ်နေကြောင်း သိရသည်။
ယခုအခါ မာဆေးလ်နည်းပြ ဒီဇယ်ဘီက ပေါ့ဘာသာ ၎င်းတို့အသင်းကို လာရောက်မည်ဆိုပါက ကြိုဆိုကာ နေရာပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဇယ်ဘီက ''ကျွန်တော့်အသင်းမှာ ချန်ပီယံတစ်ယောက် ရှိနေမှာကို ကျွန်တော် သဘောကျပါတယ်။ ပေါ့ဘာအနေနဲ့ ပွဲမကစားရတာ ကြာပြီဆိုပေမဲ့ သူက ချန်ပီယံတစ်ယောက်ပါ။ ရိုးသားစွာဝန်ခံရမယ်ဆိုရင် ပေါ့ဘာကို ခေါ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုးတော့ မရှိပါဘူး။ ဇန်နဝါရီမှာ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူသွားမှာပါ။ တကယ်လို့ ချန်ပီယံသာ အသင်းကို ရောက်လာမယ်ဆိုရင် ကျွန်တော့်အနေနဲ့ နေရာပေးနိုင်ဖို့ ကြိုးစားသွား မှာပါ။ အသင်းမှာထိပ်တန်းကစားသမားရှိနေတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ဘဲ ပြိုင်ဘက်တွေအတွက်ပဲ ပြဿနာဖြစ်မှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
