ပြင်သစ်ထိပ်သီး PSG အသင်းသည် တူရကီကလပ် ဂါလာတာစာရေးအသင်းတွင် တစ်ရာသီအငှားဖြင့်သွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားရန် စီစဉ်နေကြောင်း RMC Sport က ဖော်ပြခဲ့သည်။
အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် ယခုရာသီတွင် ဂါလာတာစာရေးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲ စုံ (၁၄) ပွဲတွင် (၁၀) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
PSG အသင်းသည် အသင်းတိုက်စစ်မှူး ဘာပေ ထွက်ခွာသွားပြီးနောက် အသင်းတိုက်စစ်ပိုင်းကို ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြင့် အားဖြည့်ရန် ရည်မှန်းနေခြင်းဖြစ်သည်။
PSG အ သင်းသည် ပြီးခဲ့သည့်နွေရာသီတည်းက အိုဆင်မန်အား ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် PSG အသင်းသည် အိုဆင်မန်၏ခြေစွမ်းကို မယုံရဲသဖြင့် ခေါ်ယူရန် လက်တွန့်ခဲ့ပြီး ယခုအခါ ဂါလာတာစာရေးတွင် ပြသနေသည့် ခြေစွမ်းကြောင့် ၎င်းကိုခေါ်ယူရန် ပြန်လည်စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်းအနေဖြင့် အိုဆင်မန်ကို ခေါ်ယူနိုင်ရန်အတွက် ကစားသမားအပြင် မိခင်ကလပ်ဖြစ်သည့် နာပိုလီ၊ အငှားကစားနေသည့် ဂါလာတာစာရေးအသင်းတို့နှင့် ဆွေးနွေးရမည်ဖြစ်ရာ အပြောင်းအရွှေ့မှာ ထင်သလောက် လွယ်ကူမည်မဟုတ်ကြောင်း RMC Sport က ဖော်ပြခဲ့သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းကလည်း အိုဆင်မန်အား ခေါ်ယူရန်ပြင်ဆင်နေရာ PSG အတွက် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။
PSG အသင်းသည် မူအာနီကို ရောင်းထုတ်ပြီး အိုဆင်မန်ဖြင့် အစားထိုးလိုနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
