Top News

လာလီဂါချန်ပီယံဆုအတွက် ရမှတ် (၉၀) မလိုအပ်ကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား
24htopnews | December 23, 2024 7:12 PM CST

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီ လာလီဂါချန်ပီယံလုပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ချန်ပီယံဆုအတွက် ရမှတ် (၉၀) မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီ လာလီဂါပွဲစဉ် (၁၈) အပြီးတွင် အက်သလက်တီကိုအသင်းက ရမှတ် (၄၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး ရီးယဲလ်မက်ဒရစ် (၄၀ မှတ်)နှင့် ဘာစီလိုနာ(၃၈ မှတ်)တို့က အစဉ်လိုက်ရပ်တည်နေကြသည်။

ထို့ကြောင့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီ လာလီဂါချန်ပီယံလုပွဲမှာ အကြိတ်အနယ်ဖြစ်လာမည်ဖြစ်ပြီး ရမှတ် (၉၀) အောက်ဖြင့်ပင် ချန်ပီယံဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက ''လာလီဂါပြိုင်ပွဲက ပြီးခဲ့တဲ့နှစ်တွေမှာ အရမ်းကိုအကြိတ်အနယ်ရှိတဲ့ ပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဒီရာသီမှာ အက်သလက်တီကိုအသင်းက လူအင်အားဖြည့်တင်းပြီး လာလီဂါချန်ပီယံဆုကို ရယူဖို့ ကြိုးစားနေပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲက နောက်ဆုံးပွဲစဉ်တွေအထိ ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်ပြီး ဖျော်ဖြေမှုပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီရာသီ လာလီဂါချန်ပီယံဆုကို ရမှတ် (၉၀) အောက်နဲ့ ရယူနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK