မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခြေစမ်းပွဲနှင့် ပတ်သက်၍ အာဆီယံဒေသတွင်းသတင်းများကသာ ဖော်ပြထားသေးပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) တို့ကမူ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
အာဆီယံဒေသတွင်းသတင်းများ၏ ဖော်ပြမှုအရ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့ သည်လာမည့် ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁၇ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းခြေစမ်းပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်သင်းစလုံး ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။
သို့သော် AFF သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကို ယခု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပခဲ့သည်။
AFF သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကို အရှေ့တောင်အာရှဒေသတွင်း အမျိုးသမီးဘောလုံးအဆင့် အနိမ့်ဆုံးအသင်း(၆) သင်းအား (၃) သင်း (၂) အုပ်စုခွဲ၍ ဦးစွာယှဉ်ပြိုင်ကစားစေပြီး ပထမ၊ ဒုတိယ၊ တတိယရ အသင်း(၃) သင်းကို ခြေစစ်ပွဲအောင်စေခဲ့သည်။
AFF သည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ခြေစစ်ပွဲထည့်သွင်းကစားစေခြင်းဖြစ်သည်။
AFF သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲချန်ပီယံ ဖိလစ်ပိုင်၊ ဒုတိယရ ထိုင်း၊ တတိယရ မြန်မာ၊ စတုတ္ထရ ဗီယက်နမ် အသင်း(၄) သင်းကို တိုက်ရိုက်ကစားခွင့်ပြုထားပြီး ခြေစစ်ပွဲအောင် အသင်း(၃) သင်းနှင့် ကျင်းပမည်ဖြစ်ကာ သြစတြေးလျအသင်းကို ဖိတ်ကြားထားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
