Top News

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်း မလေးရှားဖလားပြိုင်ပွဲတွင် ကွာတားအဆင့်မှ ထွက်ခဲ့ရ
24htopnews | December 23, 2024 7:12 PM CST

မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ မလေးရှားဖလား ရှုံးထွက်ပြိုင်ပွဲ (Malaysia Cup) တွင် ကွာတားအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် မလေးရှားဖလား ရှုံးထွက်ပြိုင်ပွဲ ကွာတားအဆင့် ပထမအကျော့အဖြစ် အိမ်ကွင်း၌ တီရန်ဂါနူးအသင်းနှင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ဒုတိယအကျော့ အဝေးကွင်းပွဲအဖြစ် ပြီးခဲ့သည့်ဒီဇင်ဘာ ၂၁ ရက်က တီရန်ဂါနူးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရာ(၂-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း(၂-၆) ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။

ဒုတိယအကျော့ပွဲတွင် ဟိန်းထက်အောင်သည် နီဂျီရီဆမ်ဘီလန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သော်လည်း သူ၏အသင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)အပြီးတွင် အမှတ်ပေးဇယား အောက်ဆုံးနေရာ၌ ရပ်တည်နေပြီး တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။


READ NEXT
Cancel OK