ဗန်းမော်မြို့မှ စစ်ဘေးရှောင်မိသားစုအချို့ မန္တလေးသို့တိမ်းရှောင်သည့် လမ်းခရီးတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ဖမ်းဆီးထားမှုများရှိနေကြောင်း ဖမ်းဆီးမှုအခြေအနေအား မြင်တွေ့ခဲ့သူများက ဆိုသည်။
ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ KIA နှင့် PDF များက ဗန်းမော်မြို့အဝင်ရှိ တပ်မတော်တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း တစ်သိန်းကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
'' ဗန်းမော်နှင့် ရွှေကူကြားမှာ ဖမ်းဆီးခံရတာက တစ်ဖွဲ့၊ အဲဒါက KIA လူငယ်တွေချည်းဖမ်းတာ။ အမျိုးသမီးတွေလည်း ပါတယ်။ မိဘတွေက ရင်ကျိုးတာပ ။ ကချင်ရော၊ ရှမ်းရောပါတယ်။ ဆယ်ချီတယ်။ လူငယ်တွေဖမ်းသွားတာ။ သင်တန်းက တစ်ခါပေးရင် လူ ၃ဝဝ တဲ့။ အခုထက်ထိ မန်းလေးရောက်လာသူတွေက လူပျောက်ရှာကြတုန်း။ ဗန်းမော် အထက်က ကုန်းနှောနဲ့ မြို့သစ်ဘက်ဆိုရင် စပါးပုံတဲ့ လူ ၈၀ ကျော် လယ်ထဲက ခေါ်သွားတာ''ဟု မိသားစုလိုက် ပြေးလာသူတစ်ဦးက ပြောကြားသည်။
အသက် ၅၀ ရွယ် စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက'' ကျွန်မတို့ လမ်းမှာတွေ့တာ။ စကားတော့ မပြောရဲဘူးလေ။ ဝန်းထမ်းအငြိမ်းစား ရဲမိသားစုပါတယ်။ သူတို့ဆန်ဆိုင်က ဗန်းမော်မှာ နာမည်ကြီးဘဲ။ တစ်ယောက်ကအငြိမ်းစားပဲ။ အသက်ကြီးရပြီ။ ဘယ်ဌာနတော့ မပြောတတ်ဘူး။ တချို့က တကောင်းဘက်ကနေ ပြန်ဖမ်းသွားတာတဲ့။ လမ်းပေါ်မှာ လူတွေဗျာ။ ခွေးလို၊ဝက်လို ဒုက္ခရောက်ကြတာ။ မဖမ်းသင့်ဘူးလို့ ကျွန်မမြင်တယ်။ KIA က လူငယ်တွေလည်း ဖမ်းသွားတယ်။ အခု ဒီနေ့ မန္တလေးမှာ တွေ့ကြမှ ပြန်ကို မလွှတ်ကြသေးဘူး။ လဝက်ပြည့်တော့မယ်။ လူတွေက အပူတွေချည်းပဲ။ မကြာခင်လည်း ငတ်ကြတော့မှာ ''ဟု ပြောကြားသည်။
ထို့ပြင် အခြားစစ်ရှောင်တစ်ဦးကလည်း လမ်းခရီးတွင် ဖမ်းဆီးနေသူများသည် ထီးချိုင့်မောင်းကုန်းအဖွဲ့ဟုသိရပြီး KIA နှင့် ပူးပေါင်းကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများသည် ဗန်းမော်မြို့တွင် ချမ်းသာသည့် အသိုင်းအဝိုင်းက လူများဖြစ်ကြောင်း၊ ဗန်းမော်နှင့် ရွှေကူမြို့ကြားတွင် KIA က လူငယ်များကို ဆင်းရဲ ချမ်းသာ မရွေးဖမ်းဆီးကြောင်း ပြောကြားသည်။
ဗန်းမော်မြို့မှ စစ်ဘေးကြောင့် တိမ်းရှောင်လာသူများမှာ မန္တလေးမြို့၊ မြစ်ကြီးနားမြို့တို့ရှိ ဘုန်းကြီးကျောင်း
နှင့် လူနေအိမ်များတွင် ထောင်နှင့်ချီကာ ရှိနေသော်လည်း စာရင်းကောက်နိုင်ခြင်း ထောက်ပံ့ပေးခြင်းများ မရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
