နိုင်ငံတော်အကြည်ညိုပျက်စေရန် ပြုမူခြင်း အပါအဝင် တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ပါက အနုပညာရှင်များအား အရေးယူမည့်ပုဒ်မများ ထည့်သွင်း၍ ရုပ်ရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
နစကမှ ပြဋ္ဌာန်းလိုက်သော ရုပ်ရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေတွင် အခန်း(၇) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်းဆိုင်ရာ ပုဒ်မများအား ထည့်သွင်းပြဋ္ဌာန်းထားသည်။
ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရုပ်ရှင်ဥပဒေတွင် ဦးစီးဌာနသည် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သော ရုပ်ရှင်လုပ်ငန်းလိုင်စင်ရရှိသူ၊ ရုပ်ရှင်ရုံလိုင်စင်ရရှိသူ အား ဒဏ်ကြေးငွေ ချမှတ်ခြင်း၊ ရုပ်ရှင်လုပ်ငန်းလိုင်စင်၊ ရုပ်ရှင်ရုံလိုင်စင် ရုပ်သိမ်းနိုင်ခြင်းများကို ဆောင်ရွက်နိုင်သည့် ပုဒ်မများအား ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထို့ပြင် ဦးစီးဌာနသည် နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ထိခိုက်စေရန် လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း သို့မဟုတ် ဟောပြောခြင်းကိုသော်လည်းကောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေရန် ပြုမူ ပြောဆိုခြင်း၊ ကြေညာခြင်း သို့မဟုတ် လှုံ့ဆော်ခြင်းကိုသော်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်ဆန့်ကျင်သော မည်သည့်လှုပ်ရှားမှုမျိုးမဆို ပါဝင်ပတ်သက်ခြင်းကိုသော်လည်းကောင်း ပြုသည့် မည်သည့်ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာ ရှင်ကိုမဆို " (က)သတိပေးခြင်း၊( ခ )မည်သည့်ရုပ်ရှင်ကား ထုတ်လုပ်ရာတွင်မဆို ပါဝင်လုပ်ကိုင်ခြင်းကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ကန့်သတ်တားမြစ်ခြင်း" စသည့် စီမံခန့်ခွဲရေး အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်မည့် ပုဒ်မကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
ယင်းဥပဒေတွင် ရုပ်ရှင်ဆင်ဆာအဖွဲ့ သို့မဟုတ် ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း(၃ဝ)အတွင်း ပြန်ကြားရေးဝန်ကြီးဌာနသို့ အယူခံနိုင်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် အယူခံခြင်းနှင့်စပ်လျဉ်း၍ ရုပ်ရှင်ဆင်ဆာအဖွဲ့ သို့မဟုတ် ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ၊ အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း၊ ပြန်လည်စိစစ်စေရန် သို့မဟုတ် စစ်ဆေးစေရန် ညွှန်ကြားခြင်းပြုနိုင်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်၊ ဦးစီးဌာနက ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အယူခံမဝင်ပါက အယူခံကာလကုန်ဆုံးသောအခါ ဦးစီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်စေရမည်စသည့် ပုဒ်မများလည်း ပါဝင်သည်။
ရုပ်ရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ၏ အခန်း(၈) ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် "မည်သူမဆို ပုဒ်မ ၁၄ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် တစ်ဆယ်သိန်းထိ ငွေဒဏ်ချမှတ်ရမည်" ဖြစ်ကြောင်း၊ "မည်သူမဆို (၁)ရုပ်ရှင်လုပ်ငန်းလိုင်စင်မရှိဘဲ ပုဒ်မ (၄)ပါ လုပ်ငန်းအမျိုးအစား တစ်မျိုးမျိုးကို လုပ်ကိုင်ခြင်း၊ (၂)ရုပ်ရှင်ဆင်ဆာလက်မှတ်မရှိသော ရုပ်ရှင်ကားကို ပြသခြင်း" တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းနှစ်ဆယ်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်၊ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင်သောသက်သေခံပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်" ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မခွဲ(က)ပါ ပြစ်မှုများကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းနှစ်ဆယ်မှ အများဆုံး ကျပ်သိန်းသုံးဆယ်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။
ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရုပ်ရှင်ဥပဒေတွင် မည်သူမဆို ပြည်တွင်း၌ ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ရုပ်ရှင်ဆင်ဆာလက်မှတ် မရှိဘဲ ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် ပြည်ပ၌ပြသခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ခုနစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် ဖြစ်ကြောင်း၊ မည်သူမဆို ရုပ်ရှင်ဆင်ဆာအဖွဲ့၏ ဖြတ်တောက်ရန် သို့မဟုတ် ပြုပြင်ရန် ညွှန်ကြား ချက်ကို လိုက်နာခြင်းမပြုဘဲ ရုပ်ရှင်ကားကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းထိ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အပြင် မည်သူမဆို ရုပ်ရှင်ရုံလိုင်စင်မရှိဘဲ ရုပ်ရှင်ပြသခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ခုနစ်သိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်း၊ ပြစ်မှုကိုထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ် သိန်းမှ အများဆုံး ကျပ်သိန်းနှစ်ဆယ်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။
ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရုပ်ရှင်ဥပဒေတွင် မည်သူမဆို ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ သို့မဟုတ် လုပ်ထုံးလုပ်နည်းများပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
