ရိုးမားအသင်း၏ နည်းပြသစ်အဖြစ် လာမည့်ရာသီတွင် စတင်တာဝန်ယူမည့် မော်ရင်ဟိုသည် အသင်းဟောင်းများမှ ကစားသမားများကို အီတလီမြေသို့ ခေါ်ယူရန် ပြင်ဆင်နေပြီး စပါးအသင်းမှ အဲရစ်ဒိုင်ယာနှင့် ဟူဘယက်၊ မန်ယူအသင်းမှ မာတာတို့ ကို ပစ်မှတ်ထားနေကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။
မော်ရင်ဟိုသည် ရိုးမားအသင်းကို ပြန်လည်ပြုပြင်တည်ဆောက် သွားရန် စီစဉ်နေပြီး အငှားချထားသည့် ကစားသမားအချို့ကို ပြန် လည်နေရာပေးရန် ပြင်ဆင်နေသလို၊ အသင်းဟောင်းတွင် လက်တွဲခဲ့ဖူးသည့် ကစားသမားများဖြင့် အားပြုတည်ဆောက်ရန် လိုလားနေကြောင်းလည်း သိရသည်။
မော်ရင်ဟိုသည် စပါးအသင်း၌ ၎င်းနှင့် ဆက်ဆံရေးကောင်းရှိခဲ့သည့် အဲရစ်ဒိုင်ယာနှင့် ဟူဘယက်တို့ကို ဦးစားပေးခေါ်ယူရန် ရည်ရွယ်ထားပြီး ကစားသမားသစ်များ ခေါ်ယူရာ၌ ၎င်းပုံဖော်မည့် (၄-၂-၃-၁) ကစားကွက်နှင့် ကိုက်ညီမည့်သူများကိုသာ ရွေးချယ်ဖွယ်ရှိကြောင်းလည်း ၎င်း၏အေးဂျင့် ဂျော့ချ်မန်ဒက်စ်က ဆိုခဲ့သည်။
မန်ယူအသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား မာတာမှာ လာမည့်နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်၍ မော်ရင်ဟိုက ရိုးမားအသင်းတွင် ပြန်လည်လက်တွဲရန် ဆန္ဒ ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
မော်ရင်ဟိုသည် မာတာနှင့် ချယ်လ်ဆီးအသင်းတွင်ရော မန်ယူအသင်းတွင်ပါ လက်တွဲခဲ့ဖူးကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
