ဗြိတိန်ပါလီမန်အမတ်တစ်ဦးဖြစ်သလို၊ ဘောလုံးပရိသတ်တစ်ဦးလည်းဖြစ်သည့် ကလစ်ဖ်အက်ဖို့ဒ်က အင်္ဂလိပ်ဘောလုံးအသင်းနှစ်သင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းနှင့် လက်ရှိ ကိုဗစ်အခြေအနေကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူရကီနိုင်ငံအစား၊ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် ပြောင်းလဲကျင်းပသင့်သည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး၊ တစ်သင်းလျှင် ဗိုလ်လုပွဲလက်မှတ် (၄၀၀၀)စီ ရရှိမည့်အဓိပ္ပာယ်မှာ ဗြိတိန်လူမျိုး (၈၀၀၀)ကို ကိုဗစ်အခြေအနေ ဆိုးရွားနေသည့် တူရကီနိုင်ငံသို့ လွှတ်ရမည့်အနေအထားဖြစ်နေပြီး၊ တူရကီနိုင်ငံ၏ ကိုဗစ်ကူးစက်မှုနှုန်းမှာ လူဦးရေ (၁)သန်းတွင် ပိုးတွေ့ရှိနှုန်းကို အခြေခံတွက်ချက်ပါက ဗြိတိန်ထက် (၁၂)ဆ ဆိုးရွားနေသည့် အခြေအနေလည်းဖြစ်နေသည်။
ဗြိတိန်တွင် ကိုဗစ်ပိုးတွေ့လူနာသစ်နှုန်းမှာ တစ်ရက်လျှင် လူတစ်သန်းအတွက် (၃၀) ဦးနှုန်းဖြစ်ပြီး၊ တူရကီနိုင်ငံမှာမူ တစ်ရက်လျှင် လူတစ်သန်းအတွက် (၃၇၀)ဦးအထိ ရှိနေခြင်းဖြစ်ပြီး၊ တူရကီဘောလုံး အာဏာပိုင်များကလည်း နယ်ခံပရိသတ်များအတွက် ကွင်း အတွင်း လူ (၂၅၀၀၀)အထိ ဝင်ခွင့်ရရန် ကြိုးပမ်းနေရာ ရောဂါကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို ဗြိတိန်အစိုးရဘက်ကလည်း စိုးရိမ်လျက်ရှိသည်။
တူရကီနိုင်ငံသည် လက်ရှိ အချိန်တွင် မေလ (၁၇)ရက်နေ့အထိ Full Lockdown သတ်မှတ်ထားရသည့် အခြေအနေဖြစ်နေပြီး ဗိုလ်လုပွဲ ကျင်းပမည့် မေလ (၂၉)ရက်နေ့နှင့် အလွန်နီးကပ်နေသည့် အခြေအနေလည်းရှိနေသည်။
ယင်းအတွက်ကြောင့် ကလစ်ဖ်အက်ဖို့ဒ်က "တူရကီရဲ့အနေအထားက စွန့်စားပြီးလုပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အင်္ဂလိပ်နှစ်သင်း ဗိုလ်လုပွဲတက်မှတော့ ဗိုလ်လုပွဲကို အင်္ဂလန်မှာ ကျင်းပလိုက်တာက အန္တရာယ်ပိုကင်းမယ်လို့ထင်ပါတယ်"ဟုဆိုခဲ့သည်။
အခြား အမတ်တစ် ဦးဖြစ်သူ ကီဗစ်ဘရန်နန်ကလည်း "အစ္စတန်ဘူလ်အတွက် ထိုးနှက်ချက်ဖြစ်စေမယ့် တောင်းဆိုမှုဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကိုဗစ်အခြေအနေအပေါ်မူတည်ပြီး စဉ်းစားမယ်ဆိုရင်တော့ အိမ်ရှင်နေရာကို အပြောင်းအလဲ လုပ်သင့်ပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
