Top News

ဥရောပစူပါလိဂ်အစီအစဉ်အား ထောက်ခံနေဆဲ ကလပ်အသင်းများကို ချန်ပီယံလိဂ်ပြိုင်ပွဲမှ (၂)နှစ်ပိတ်ပင်ရန် UEFA စီစဉ်နေ
24htopnews | December 23, 2024 4:12 PM CST

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ဥရောပစူပါလိဂ်အစီ အစဉ်အား ထောက်ခံနေဆဲဖြစ်သည့် ကလပ်အသင်းများကို ချန်ပီယံလိဂ် ပြိုင်ပွဲမှ (၂)နှစ်ပိတ်ပင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ 

    

ဥရောပထိပ်တန်းကလပ်အသင်း (၁၂)သင်းက ကြေညာလိုက်သည့် ယင်းပြိုင်ပွဲ အစီအစဉ်သည် ၀ိုင်းဝန်းကန့်ကွက်မှုများကြောင့် ပျက် စီးသွားခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ ဆက်လက်ကျင်းပရန် နည်းလမ်းရှာဖွေနေသည့်အသင်းများ ရှိနေသေးသည်။ 

စတင်တည်ထောင် သည့် (၁၂) သင်းအနက် အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန် ယူ၊ စပါး၊ အေစီမီလန်၊ အင်တာမီလန်၊ အက်သလက်တီကိုတို့က နုတ်ထွက်ကြောင်း ကြေညာပြီးဖြစ်သော်လည်း ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ယခုအချိန် အထိ လက်မလျှော့သေးဘဲ အစီအ စဉ်ဖျက်သိမ်းကြောင်းလည်း မကြေညာသေးချေ။ 

ထို့ပြင် ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌနှင့် ဥရောပစူပါလိဂ်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဖလော်ရင်တီနိုပီရက်ဇ်ကလည်း စူပါလိဂ် သို့မဟုတ် အလားတူ ပြိုင်ပွဲမျိုးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုခဲ့သည်။

    

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က "သူတို့လုပ်ခဲ့တာတွေအတွက် အကျိုးဆက်တွေရှိလာမှာဖြစ်ပြီး ဘာမှမဖြစ်သလိုမျိုး ကျွန်တော်တို့ ဟန်ဆောင်နေမှာမဟုတ်ပါဘူး။ အင်္ဂလိပ် (၆) သင်းအပေါ် သဘောထားက ရှင်းပါတယ်။ သူတို့ အစောဆုံး နုတ်ထွက်ခဲ့ကြတယ်။ အမှားကို ဝန်ခံခဲ့ကြတယ်။ ပြီးရင်တော့ တခြား (၃)သင်းပေါ့။ ခုထိ ဆက်ကြိုးစားနေတဲ့အသင်းတွေကတော့ အကျိုးဆက်ကို ခံစားရပါမယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK