Top News

ချယ်လ်ဆီးနှင့် စပါးနည်းပြဟောင်း ဘိုအာစ် ကမ္ဘာ့ရယ်လီချန်ပီယံရှစ်ကားမောင်းပြိုင်ပွဲ ယှဉ်ပြိုင်မည်
24htopnews | December 23, 2024 4:12 PM CST

ချယ်လ်ဆီးနှင့် စပါးအသင်းနည်းပြဟောင်းဖြစ်သူ ဗီလက်စ်ဘိုအာစ်သည် ခရီးကြမ်းကားမောင်းပြိုင်ပွဲဖြစ်သည့် ကမ္ဘာ့ရယ်လီချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    

အသက် (၄၃) နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီနိုင်ငံသားနည်းပြ ဘိုအာစ်သည် ပေါ်တူဂီနိုင်ငံတွင် မေလ (၂၀)ရက်မှ (၂၃)ရက်အထိ ကျင်းပမည့် Rally de Portugal ၏ WRC3 ပြိုင်ပွဲတွင် Citroen C3 အသင်းကိုယ်စားပြုမောင်းနှင်မည်ဖြစ်သည်။ 

WRC3 ပြိုင်ပွဲမှာ ကမ္ဘာ့ရယ်လီချန်ပီယံရှစ်ပြိုင်ပွဲ၏ တတိယတန်းပွဲစဉ်ဖြစ်ပြီး ဘိုအာစ်အနေဖြင့် ကမ္ဘာ့ရယ်လီချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

၎င်းသည် ၂၀၁၈ ဒါကာရယ်လီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ကျောဒဏ်ရာရရှိခဲ့သဖြင့် အဆင့် (၄) အပြီးမှာပင် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသည်။ 

ထို့ပြင် ဘိုအာစ်သည် ရွှံ့နွံများအတွင်းမောင်းနှင်ရသည့် off-road rally ပြိုင်ပွဲတွင်လည်း ၂၀၁၈ ခုနှစ် မတ်လအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရသည်။ 

ဘိုအာစ်သည် ပေါ်တို၊ ချယ်လ်ဆီး၊ စပါး၊ ဇင်းနစ်၊ ရှန်ဟိုင်း SIPG နှင့် မာဆေးလ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ကစားသမားခေါ်ယူမှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့ကို ဝေဖန်မှုကြောင့် ယခုနှစ် ဖေဖော်ဝါရီတွင် မာဆေးလ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ 


READ NEXT
Cancel OK