မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် လက်ရှိတွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးကို အာရုံစိုက်ထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း မတွေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)အပြီး ရမှတ် (၈၀)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁)နေရာတွင် ရပ်တည်နေပြီး အဆင့်(၂)နေရာမှ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့် မန်ယူအသင်း(၆၇ မှတ်)ကို (၁၃)မှတ် ဖြတ်ထားသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ယနေ့(မေလ ၈ ရက်)တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး အနိုင်ရပါက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
ဂွါဒီယိုလာက "ပရီးမီးယားလိဂ်ချန်ပီယံဆုက အရေးအကြီးဆုံးလို့ ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ (၄)ပွဲကစားဖို့ ကျန်ရှိနေသေးပြီး တစ်ပွဲနိုင်တာနဲ့ ချန်ပီယံဆုကို ရရှိမှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရပြီးမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကျွန်တော်တို့ အာရုံစိုက်နိုင်မှာပါ။ ကျွန်တော်က အမြဲသတိထားတဲ့လူမျိုးဖြစ်ပြီး ဘောလုံးမှာ နောက်ဆုံးအချိန်အထိ ဘယ်အရာမှ အာမခံချက်မရှိပါဘူး။ အခုက ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို တွေးရမယ့်အချိန် မဟုတ်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေလ (၂၉)ရက်တွင် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
