အလာဗတ်စ် - လီဗန်တေး (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၆:၃၀ နာရီ)
အခုချိန်မှာတော့ လီဗန်တေးကို ယုံကြည်ထားလို့မရတော့ပါဘူး။ အလာဗတ်စ်က အမှတ်ရှာနေရတဲ့အချိန် ဖြစ်နေတဲ့အပြင် အိမ်ရှင်အခွင့်အရေးပါရှိနေလို့ လီဗန်တေးကို မေ့ထားတာအကောင်းဆုံးပါ။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဘာစီလိုနာ - အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၈:၄၅ နာရီ)
ချန်ပီယံဆုလိုချင်ရင် ဘာစီလိုနာ မဖြစ်မနေအနိုင်ကစားထားရမယ့်ပွဲဖြစ်နေတယ်။ အိမ်ကွင်း ဂရန်နာဒါနဲ့ပွဲမှာ ထိပ်ဆုံးရောက်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရလို့ အခုပွဲက ဘာစီလိုနာအတွက် သိပ်ကိုအရေးပါလာနေတယ်။ အက်သလက်တီကိုကို ပထမအကျော့တုန်းကလည်း အရှုံးပေးထားရတဲ့အပြင် နောက်ဆုံးတွေ့ခဲ့တဲ့ (၃)ကြိမ်စလုံးလည်း အနိုင်မရခဲ့တဲ့ ဘာစီလိုနာ လွယ်တော့မလွယ်ဘူး။ အက်သလက်တီကိုကလည်း ထိပ်ဆုံးနေရာ ဖယ်မပေးရဖို့ အစွမ်းကုန်ရုန်းမှာပဲ။ ဒါပေမဲ့ ခုတလော အက်သလက်တီကို အဝေးကွင်းကစားပုံ အားလျော့နေသလို၊ တိုက်စစ်က ဂိုးရနှုန်းပုံမှန်မဖြစ်သေးတာကတော့ ဘာစီလိုနာအတွက် မျှော်လင့်ချက်ပေးထားသလိုဖြစ်နေတယ်။ သရေကျခဲ့ရင်တောင် အခြေအနေမဆိုးလှလို့ အက်သလက်တီကိုတို့ ဒီပွဲမှာ မဖြစ်မနေ အနိုင်တိုက်မယ့်ပုံမရှိဘူး။ ဘာစီလိုနာကတော့ အနိုင်ကစားမှ ဖြစ်မယ့်ပွဲမို့ ဖွင့်တိုက်ဖို့ပိုများနေတယ်။ နူးကမ့်ကွင်းမှာ ကစားရ ဖို့ရှိနေတာ၊ အက်သလက်တီကိုကလည်း အဝေးကွင်းပုံမှန်ခြေမရှိတာတွေကြောင့် ဘာစီလိုနာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားမယ်။
ကာဒစ်ဇ် - ဟွယ်ဆကာ (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၁၁:၀၀ နာရီ)
ကာဒစ်ဇ်ထက်စာရင် တန်းမဆင်းရရေး ရုန်းနေရတဲ့ ဟွယ်ဆကာ အမှတ်ပိုလိုချင်နေမှာ အမှန်တရားပဲ။ ဒါပေမဲ့ ခုတလော ကာဒစ်ဇ်က အမှတ်ရအောင် အတတ်နိုင်ဆုံး ထိန်းကစားနေပုံ တွေ့ရပြီး ပုံပျက်ပန်းပျက်ကစားနေတာမျိုး သိပ်မတွေ့ရလို့ ဟွယ်ဆကာကိုလည်း လွယ်လွယ်နဲ့ အမှတ်ပေးလိုက်မယ့်ပုံမျိုးမဟုတ်ဘူး။ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းထားလို့ကောင်းမယ်။
ဘီလ်ဘာအို - အိုဆာဆူနာ (မြန်မာစံတော်ချိန် မေလ ၉ ရက် နံနက် ၁:၃၀ နာရီ)
ဘီလ်ဘာအို ပန်းအဝင်လှအောင် လာလီဂါဘက်မှာ ပြန် ရုန်းထပြနေသလိုတွေ့ရတယ်။ နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိတဲ့အပြင် အိမ်ကွင်းမှာ အရင်လိုတိုက်စစ်ကစားနိုင်မှုမျိုးကိုပါ တွေ့ လာရတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
