Top News

ဘွန်ဒစ်လီဂါပွဲစဉ် (၃၂)  ပွဲကြိုသုံးသပ်ချက် 
24htopnews | December 23, 2024 4:12 PM CST

ဒေါ့မွန် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၈:၀၀ နာရီ)

ဒေါ့မွန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လုံးဝအမှားအယွင်းခံလို့မရတော့တဲ့ အခြေအနေရောက်နေလို့ ပွဲတိုင်းကို ဖိဖိစီးစီးကစားနေပြီး နိုင်ပွဲတွေလည်းဆက်နေတာ တွေ့ရတယ်။ ဒေါ့မွန်အဖို့ လက်ရှိအချိန်မှာ အဆင့်(၅)နေရာသာ ရပ်တည်နေပေမဲ့ လိုက်ပ်ဇစ်ကိုသာ အနိုင်ကစားနိုင်ရင် လက်ကျန် (၂)ပွဲအတွက် ယုံကြည်မှုအမြင့်ဆုံးရောက်သွားနိုင်ပြီး ပြိုင်ဘက်အသင်းတွေကိုလည်း ဖိအားပိုပေးနိုင်လိမ့်မယ်။ လိုက်ပ်ဇစ်က ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ အမှတ်သိပ်မလိုတော့တဲ့ အချိန်မှာ ကစားပုံပါ လျော့တိလျော့ရဲဖြစ်လာတယ်။ ဒေါ့မွန်ပဲ နိုင်ပွဲဆက်ဖို့များတယ်။



ဟော်ဖန်ဟင်မ် - ရှော်လ်ကေး (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၈:၀၀ နာရီ)

တန်းဆင်းထားရတဲ့ ရှော်လ်ကေးအသင်း ဘယ်လိုကစားမလဲပေါ်မှာပဲ မူတည်တယ်။ ဟော်ဖန်ဟင်မ်ကလည်း သိပ်အား စိုက်စရာမလိုတော့လို့ (၃)ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။



ဝုလ်ဖ်ဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၈:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း အမှတ်ပေးပွဲနောက်ဆုံး(၄)ပွဲမှာ (၃) ပွဲအထိ အရေးနိမ့်တာက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက်ပါ စိုးရိမ်စရာပိုကောင်းလာတယ်။ အူန်ယွန်းဘာလင်ကလည်း လက်ရှိအချိန်မှာ ယူရိုပါလိဂ် မျှော်လင့်လို့ရနေတဲ့အသင်းဖြစ်လို့ ဝုလ်ဖ်ဘတ်အသင်း မလွယ်လောက်ပေမဲ့ နိုင်ပွဲပြန် ယူဖို့တော့ ရှိပါတယ်။



၀ါဒါဘရီမင် - လေဗာကူဆင် (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်က ဘွန်ဒစ်လီဂါအဝေးကွင်း နောက်ဆုံး (၈)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားတဲ့အသင်းပါ။ အမှတ်လိုနေတဲ့ ၀ါဒါဘရီမင်ဘက်ကပဲ ရပ်တည်သင့်တယ်။



ဘိုင်ယန်မြူးနစ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၁၁:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အနေနဲ့ ပြီးခဲ့တဲ့အပတ်ကတည်းက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မယ့်အနေအထားကနေ မိန့်ဇ်အသင်းကို မမျှော်လင့်ဘဲ အရှုံးပေးခဲ့ရတယ်။ ဒီတစ်ပတ်က ဘိုင်ယန်တို့ အိမ်ကွင်းပွဲဖြစ်လို့ ရုပ်ပျက်ဆင်းပျက် ထပ်အဖြစ်မခံဘဲ ချန်ပီယံဆုကို သိမ်းပိုက်သွားဖို့က ဖြစ်နိုင်ခြေအားဖြင့် ရာခိုင်နှုန်းပိုမြင့်နေတယ်။ မိုချန်ဂလာဘတ်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အူန်ယွန်းဘာလင်နဲ့ အပြိုင်ဖြစ်နေပေမဲ့ အဝေးကွင်းရလဒ်ပိုင်းကတော့ ဘာမှထူးခြားမှုမရှိဘဲ နောက် ဆုံး(၈)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားခဲ့တယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။


READ NEXT
Cancel OK