အူဒီးနီးစ် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၇:၃၀ နာရီ)
နှစ်သင်းစလုံး စိတ်ချရအောင် ရမှတ်အနည်းငယ် လိုအပ်နေပါတယ်။ အူဒီးနီးစ်ရဲ့ ကစားပုံက ပိုစနစ်ကျပြီး ဘိုလော့ဂ်နာက တိုက်စစ်မှာ ဂိုးသွင်းနိုင်သူတွေ ပိုများပါတယ်။ အိမ်ကွင်း (၄)ပွဲဆက် ရှုံးထားတဲ့ အူဒီးနီးစ် နိုင်ပွဲပြန်ရှာရမယ့်အချိန်ဖြစ်ပေမဲ့ ဘိုလော့ဂ်နာ အမှတ်ရပါလိမ့်မယ်။
စပီဇီယာ - နာပိုလီ (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၇:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်ဟာ နာပိုလီအတွက် လက်ကျန်မျှော်လင့်ချက်ပါပဲ။ စပီဇီယာကလည်း တန်းဆင်းဇုန်ကလွတ်မြောက်ရေးအတွက် အပြင်းအထန်တိုက်ပွဲဝင်နေရတယ်။ ပြီးခဲ့တဲ့ ကာဂလီယာရီနဲ့ပွဲတုန်းကလို အမှတ်လေလွင့်မှုမျိုးထပ်မဖြစ်အောင် နာပိုလီ ရုန်းကန်ရပါမယ်။ စပီဇီယာက အိမ်ကွင်းနောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ အင်တာမီလန်ကို သရေ၊ အေစီမီလန်ကို အနိုင်ကစားထားလို့ နာပိုလီလည်း အမှတ်လျော့သွားနိုင်တယ်။
အင်တာမီလန် - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် မေလ ၈ ရက် ည ၁၀:၀၀ နာရီ)
ချန်ပီယံအဖြစ် ပထမဆုံးကစားရမယ့်အိမ်ကွင်းပွဲစဉ်မှာ အင်တာမီလန် အမှားခံမယ်မထင်ဘူး။ ပြီးခဲ့တဲ့နောက်ဆုံး (၆)ပွဲမှာ အင်တာမီလန်ရဲ့ ဂိုးပြတ်အောင်ပွဲတွေ မမြင်ခဲ့ရဘူး။ အခုပွဲမှာရော အင်တာမီလန်ရဲ့ (၂)ဂိုးနဲ့အထက် အောင်ပွဲကို မြင်ရမလားစောင့်ကြည့်ရမယ်။ ဆမ်ဒိုးရီးယားက အစဉ်အလာအရ အင်တာမီလန်ကို ဒုက္ခပေးတတ်ပြီး လက်ရှိအချိန်မှာလည်း ခြေစွမ်းအရ လျှော့တွက်လို့မရဘူး။ အင်တာမီလန် ကပ်နိုင်ရုံပါပဲ။
ဖီအိုရင်တီးနား - လာဇီယို (မြန်မာစံတော်ချိန် မေလ ၉ ရက် နံနက် ၁:၁၅ နာရီ)
ဖီအိုရင်တီးနားအတွက် ဆွေးမြေ့ဖွယ်ရာရာသီပါပဲ။ ပိုင်ရှင်အသစ်လက်ထက်မှာ မျှော်လင့်ချက်အသစ်တွေ ထားရှိခဲ့ပေမဲ့ ဖြစ်မလာဘဲ အခုဆိုရင် တန်းဆင်းဇုန်နဲ့ဝေးရာ ပြေးနေရတုန်းပဲ။ လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြင်းအထန်ရုန်းကန်နေပါတယ်။ တိုက်စစ်က ဂိုးသွင်းနှုန်းမြင့်တက်နေပြီး ခံစစ်ဖရိုဖရဲဖြစ်နေတဲ့ ဖီအိုရင်တီးနားကိုလည်း ဂိုးတွေသွင်းနိုင်ဦးမယ်ထင်တယ်။ ဒါပေမဲ့ ဖီအိုရင်တီးနား အမှတ်မျှော်လင့်ခွင့်ရှိတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
