ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီဖြစ်သော်လည်း လုပ်စရာများ မပြီးဆုံးသေးဘဲ ချန်ပီယံဆုရယူရန်အတွက် အစ္စတန်ဘူလ်သို့ သွားရောက်မည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၃) ကြိမ် ဗိုလ်စွဲထားသည့် ရီးယဲလ်အသင်းအား အဝေးကွင်း၌ တစ်ဂိုးစီသရေ၊ အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် (၃-၁) ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တူဟယ်လ်က "သူတို့ ဘောလုံးပိုင်ဆိုင်မှု အများကြီးရထားတဲ့ ပထမပိုင်းက ခက်ခဲပြီး ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေက လည်း အန္တရာယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒပြင်းပြမှု၊ နိုင်ပွဲဆာလောင်မှု ကတော့ လုံးဝပျောက်ဆုံးမသွားခဲ့ပါဘူး။ ဒုတိယပိုင်းစွမ်းဆောင်ရည်ကတော့ အံ့မခန်းပါပဲ။ ဒီထက်ပိုစောပြီးတော့ ဂိုးတွေရသင့်ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းမွန်ပြီး အဲဒီအတွက် ဂုဏ်ပြုပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် တူဟယ်လ်က လက်ရှိတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း ပြောရန် စောနေသေးကြောင်းနှင့် အစ္စတန်ဘူလ်တွင် ချန်ပီယံဆု ရယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။
"ဗိုလ်လုပွဲအကြောင်းကိုတော့ ပွဲမတိုင်ခင် (၄)ရက်လောက်မှပဲ မေးကြပါ။ အခုအချိန်က ဗိုလ်လုပွဲအကြောင်းပြောဖို့ စောပါသေး တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရာရတာ၊ ပုံစံပျက်တာမျိုး ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဗိုလ်လုပွဲကစားမယ့်အချိန်မှာ တစ်သင်းလုံး ဒဏ်ရာပြဿနာကင်းပြီး ပုံစံကောင်းရနေဖို့ မျှော်လင့်ပါတယ်။ အစ္စတန်ဘူလ်ကို ချန်ပီယံဆုယူဖို့ သွားမှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
