ပရီးမီးယားလိဂ်ပွဲစဉ် (၃၅)ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီး - ချယ်လ်ဆီးပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆုံတွေ့မယ့်အသင်း(၂)သင်းရဲ့ အကြိုပွဲစဉ်လို့ဆိုရမယ့် ဒီပွဲမှာ မန်စီးတီးအသင်းဟာအနိုင်ရရင် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်မှတ်တမ်းဝင်မှာဖြစ်သလို၊ ချယ်လ်ဆီးအသင်းကလည်း လက်စတာအသင်းရှုံးနိမ့်ထားလို့
အမှတ်ပေးဇယားတတိယနေရာကိုတက်လှမ်းနိုင်ရေးအတွက် အရေးပါနေပါတယ်။
ကြားရက်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကလူစာရင်းကို (၂)သင်းစလုံးအပြောင်းအလဲတွေလုပ်ပွဲထွက်လာခဲ့ပြီး မန်စီးတီးအသင်းက ဖိုဒန်၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ ဝေါ်လ်ကာတို့ကိုပွဲထွက်စာရင်းက ချန်လှပ်ခဲ့သလို၊ ချယ်လ်ဆီးအသင်းကလည်း မေဆန်မောင့်၊ သီယာဂိုဆေးလ်ဗား၊ ဘင်ချီဝဲလ်၊ ဟာဗက်ဇ်၊ ဂျော်ဂျင်ဟိုတို့ကို ပွဲထွက်စာရင်းကနေချန်လှပ်ခဲ့တာပါ။
ပွဲစကတည်းက နှစ်သင်းစလုံး ဂိုးတွေရဖို့ လျှင်လျှင်မြန်မြန်ပဲ တိုက်စစ်ဆင်ကစားခဲ့ကြပြီး ပွဲကလည်းအကြိတ်အနယ်ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြိုအားစမ်းပွဲဖြစ်တာကြောင့်လည်း တစ်သင်းနဲ့တစ်သင်းနည်းဗျူဟာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုအချို့နဲ့ အပြောင်းအလဲစမ်းသပ်မှုအချို့ကိုတွေ့ခဲ့ရပြီး မန်စီးတီးအသင်းကတော့ သူတို့အားသာတဲ့ တောင်ပံတိုက်စစ်အားတွေနဲ့ ချယ်လ်ဆီးအသင်းကိုဖိအားပေးခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကလည်း မန်စီးတီးကစားဟန်ကိုရှိန်မနေပဲ အပြန်အလှည်တုံ့ပြန်ကစားခဲ့လို့ အခွင့်အရေးတွေရခဲ့ပြီး ဗာနာရဲ့ကန်သွင်းယူတဲ့သွင်းဂိုး (၂)ဂိုးနဲ့ အိုဒွိုင်းရဲ့သွင်းဂိုး (၁)ဂိုး လူကျွံခဲ့လို့သာ နစ်နာခဲ့ရတာပါ။
ပထမပိုင်း (၄၄)မိနစ်မှာ မန်စီးတီးအသင်း ဦးဆောင်ဂိုးရသွားခဲ့ပြီး စတာလင်ကသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက ပိုမိုကောင်းမွန်တဲ့ကစားဟန်ကိုပြသနိုင်ခဲ့ပြီး မန်စီးတီးအသင်းဘက်ကို ပြန်လည်ဖိအားပေးခဲ့တာပါ။
ဒီအတွက်လည်း ချယ်လ်ဆီးအသင်း အခွင့်အရေးတွေရလာခဲ့ပြီး ပွဲချိန် (၆၃)မိနစ်မှာ အက်စ်ပီလီကွယ်တာရဲ့ ပေးပို့မှုကနေ ဇီယာ့ချ်က ချေပဂိုးသွင်းယူခဲ့ပါတယ်။
ချေပဂိုးရပြီးချိန်မှာ ချယ်လ်ဆီးအသင်းကစားပုံပိုတည်ငြိမ်လာခဲ့ပြီး မန်စီးတီးအသင်းကတော့ အနိုင်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမဲ့ ချယ်လ်ဆီးအသင်းဘက်ကို အသာစီးယူဖို့ခက်လာခဲ့ပါတယ်။
ပွဲပြီးဆုံးခါနီးလေ နှစ်သင်းစလုံးဂိုးတွေရဖို့အပြိုင်ကြိုးပမ်းလာကြတာကြောင့် ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပြီး ရင်ခုန်စရာကောင်းခဲ့ပါတယ်။
(၁-၁)ဂိုးရလဒ်နဲ့ပွဲပြီးဆုံးဖို့နီးစပ်ခဲ့ပေမဲ့ မိနစ် (၉၀)ပြည့်ပြီး နာကျင်အချိန်ပို (၂)မိနစ်မှာ ဗာနာရဲ့ပေးပို့မှုကနေ အလွန်ဆိုက ချယ်လ်ဆီးအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကိုပြေးပိတ်သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာကိုတက်လှမ်းနိုင်ခဲ့သလို၊ ပြိုင်ဘက်မန်စီးတီးအသင်းရဲ့ ချန်ပီယံအဖြစ်အောင်ပွဲခံခွင့်ကိုပါ ဟန့်တားနိုင်ခဲ့တယ်လို့ဆိုရပါမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
