စပိန်လာလီဂါပွဲစဉ် (၃၅)အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ အိမ်ကွင်းသရေရလဒ်ကြောင့် ချန်ပီယံဆုအတွက်ဖိအားဝင်သွားခဲ့ပါတယ်။
ဒီရာသီလာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တာနဲ့အညီ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးက အက်သလက်တီကိုအတွက်ရော ဘာစီလိုနာအတွက်ပါအရေးပါခဲ့ပြီး နှစ်သင်းစလုံးနိုင်ပွဲရဖို့ကြိုးစားခဲ့ပေမဲ့ အခွင့်အရေးဖြုန်းတီးမှုတွေနဲ့အတူ အမှတ်ခွဲယူခဲ့ကြတာပါ။
ပွဲစကတည်းက နှစ်သင်းစလုံးသတိကြီးကြီးထားကစားခဲ့ပြီး ဂိုးမပေးရဖို့ကို ဦးစားပေးနေကြလို့ ပွဲကအနည်းငယ်အေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ဘာစီလိုနာအသင်းက လျှင်မြန်တဲ့တိုက်စစ်အားနဲ့အတူ အက်သလက်တီကိုအသင်းဘက်ကို
ဖိအားပေးလာနိုင်ခဲ့ပြီး အခွင့်အရေးအချို့လည်းရခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဂိုးကန်သွင်းခွင့်အချို့ကို ဂိုးသမားအိုဘလက်ခ်လက်စွမ်းပြကာကွယ်နိုင်လို့သာ အက်သလက်တီကိုအသင်းသက်သာရာရခဲ့တာပါ။
အက်သလက်တီကိုအသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ကြိုးစားခဲ့ပေမဲ့ ဘာစီလိုနာခံစစ်က လျှင်လျှင်မြန်မြန်ပဲတုံ့ပြန်နိုင်ခဲ့လို့ အခွင့်အရေးရဖို့ခက်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးရဖို့ဆိုတာထက် ဂိုးမပေးဖို့ကိုအဓိကဦးတည်လာပြီး အမှားစောင့်ကစားရင်းနဲ့ပဲ အချိန်ကုန်တာများခဲ့ပါတယ်။
မက်ဆီရဲ့တစ်ကိုယ်တော်အားထုတ်မှုတွေကို အက်သလက်တီကိုခံစစ်ကစားသမားတွေ ခက်ခက်ခဲခဲတားဆီးခဲ့ရပြီး ဂရီးဇ်မန်း၊ ဒမ်ဘီလီတို့ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့သာ ဘာစီလိုနာအသင်းအနိုင်ဂိုးနဲ့ဝေးခဲ့ရတာပါ။
အက်သလက်တီကိုအသင်းကတော့ ဘာစီလိုနာအသင်းအထက်မှာ ဆက်လက်ရပ်တည်နိုင်မယ့် သရေရလဒ်ကိုပိုမိုဦးတည်ပုံရခဲ့ပြီး ခံစစ်ကိုပဲအဓိကတည်ဆောက်ကစားသွားခဲ့တာပါ။
လက်ကျန်မိနစ်တွေမှာလည်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်သလို၊ ဂိုးတွေလည်းမပေးခဲ့ရတာကြောင့် ချန်ပီယံဆုအတွက်အရေးပါတဲ့ပွဲဟာ ဂိုးမရှိသရေရလဒ်နဲ့ပဲပြီးဆုံးသွားခဲ့ပြီး ဘာစီလိုနာအသင်းအတွက်ကတော့ ချန်ပီယံတိုက်ပွဲမှာ ဖိအားများသွားခဲ့ပြီလို့ဆိုရပါမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
