ဂီတာဖေး - အီဘာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
တန်းဆင်းအန္တရာယ်ဇုန်က ဝေးရာရောက်ဖို့ ဂီတာဖေး အ မှတ်ရအောင်ရှာပါဦးမယ်။ အီဘာကလည်း ဇယားအောက်ဆုံးက အလွတ်ရုန်းနေတဲ့အသင်းဖြစ်ပြီး ခုနောက်ပိုင်း ဖွင့်ကစားရင်း အ မှတ်ရအောင်ရှာနေပေမဲ့ ဂီတာဖေးရဲ့အိမ်ကွင်းအားကိုတော့ ရင် ဆိုင်နိုင်မယ့်ပုံ မရှိသေးဘူး။ ဂီတာဖေးနဲ့ ဂိုးအများပဲ ကောင်းမယ်။
ဗလင်စီယာ - ဗယ်လာဒိုလစ် (တနင်္ဂနွေည ၈း၄၅ နာရီ)
ဗလင်စီယာအခြေအနေက ပိုပိုပြီးဆိုးလာသလိုပါပဲ။ ခုဆို နည်းပြ ဂါစီယာလည်း မရှိတော့တဲ့အချိန်ဖြစ်နေလို့ နည်းပြသစ်နဲ့ အိမ်ကွင်းမှာ ပြန်နိုးထပြနိုင်မလားပဲ စောင့်ကြည့်ရတော့မယ်။ ဗယ်လာဒိုလစ်ကလည်း အမှတ်ရှာနေတဲ့အသင်းပီပီ အမှတ်ရ အောင်ကစားမှာ သေချာနေတယ်။ တိုက်စစ်က အားနည်းနေပေ မဲ့ ခံစစ်ကစားပုံမဆိုးလှတဲ့ ဗယ်လာဒိုလစ်ရဲ့ကစားပုံက ပုံမှန်မ ဟုတ်တဲ့ ဗလင်စီယာကို အတတ်နိုင်ဆုံး ခံကစားပြနိုင်လိမ့်မယ် ထင်တယ်။ ဗလင်စီယာကွင်းဆိုပေမဲ့ ဗယ်လာဒိုလစ် အမှတ်ယူ မှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
ဗီလာရီးယဲလ် - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
နှစ်သင်းစလုံး ဖွင့်ကစားမယ့်ပွဲမျိုးပါပဲ။ ဗီလာရီးယဲလ်က ယူ ရိုပါလိဂ်အဆုံးအဖြတ်ပွဲ နွှဲထားရပေမဲ့ ခုတလော လာလီဂါဘက် မှာ ပုံမှန်မဟုတ်တဲ့အနေအထားကို ရပ်တန့်ပြချင်နေလိမ့်မယ်။ ဆယ်လ်တာဗီဂိုကလည်း အဝေးကွင်းဆိုရင် သိပ်ပြီးစိတ်ချရတဲ့ အနေအထားမှာမရှိလို့ အခုပွဲမှာလည်း ဗီလာရီးယဲလ်ကို ပွဲချိန်ပြည့် တောင့်ခံကစားဖို့ဆိုတာ ခက်ပါတယ်။ ဗီလာရီးယဲလ်ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ရလဒ်က ဒီပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်ပြီး ဒီအချက် ကတော့ သတိထားရမယ့်အချက်ဖြစ်တယ်။ ဘာပဲပြောပြော အိမ် ရှင် ဗီလာရီးယဲလ်ကိုပဲ ရွေးထားလိုက်တယ်။ ဂိုးများနိုင်တယ်။
ရီးယဲလ်မက်ဒရစ် - ဆီဗီလာ (တနင်္လာနံနက် ၁း၃၀ နာရီ)
ချန်ပီယံဆုကို ဆက်မျှော်လင့်ချင်ရင်တော့ ဒီပွဲကို ဆီဗီ လာ အနိုင်ကစားနိုင်မှသာဖြစ်နိုင်တော့မယ်။ ဆီဗီလာရဲ့ ချန် ပီယံဆုအတွက် တိတ်တခိုးမျှော်လင့်ချက် အဆုံးသတ်မသွားရ အောင် ဒီပွဲမှာ ဆီဗီလာတို့ ပိုစွန့်စားကစားလာဖို့ များနေတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှာ အဆုံးအဖြတ်ပွဲ နွှဲခဲ့ရပြီး အဲဒီပွဲရလဒ်က ဒီပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်တယ်။ ရီးယဲလ်ရဲ့ လတ်တလောကစားနေပုံကလည်း လာလီဂါဘက် မှာ နည်းနည်းလျော့နေသလိုပါပဲ။ ဒါပေမဲ့ ခံစစ်မှာ ရာမို့စ် ပြန်ပါလာပြီဆိုရင်တော့ ရီးယဲလ်အတွက် စိတ်ဓာတ်ပိုင်းတွန်း အားပေးနိုင်မှု အားပိုကောင်းလာနိုင်တယ်။ နောက်ပြီး ဆီဗီ လာနဲ့ အစဉ်အလာထိပ်တိုက်တွေ့ဆုံမှုမှာလည်း အသာစီးရ ထားတာများလေ့ရှိတာက ရီးယဲလ်ရဲ့ယုံကြည်မှုပိုင်းကို မြှင့် တင်ပေးထားနိုင်ရာရောက်နေတယ်။ ဆီဗီလာကတော့ သူတို့ ကစားနေကြပုံစံအတိုင်း ဂရုတစိုက်နဲ့ ရီးယဲလ်ကို ရင်ဆိုင်လာ မှာပါ။ ဒါပေမဲ့ အဝေးကွင်းမှာတော့ ဆီဗီလာ အမြင့်ဆုံးမျှော် လင့်နိုင်ရင် သရေရလဒ်ပါပဲ။ ဂိုးတော့နည်းမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
