Top News

ဂျပန်နှင့် မြန်မာအသင်းတို့၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မေ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ကျင်းပမည်
24htopnews | December 23, 2024 4:12 PM CST

 

ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (F) လက်ကျန်ပွဲအချို့၏ ကစားမည့်အချိန်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ဂျပန်အသင်းနှင့် မြန်မာအသင်းပွဲကို မေ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

JFA သည် ဂျပန်အသင်း၏ အုပ်စုလက်ကျန်ပွဲ သုံးပွဲကစားမည့်အချိန်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအားလုံးကို မြန်မာစံတော်ချိန် ညနေ ၄ နာရီ (ဒေသစံတော်ချိန် ည ၇ နာရီခွဲ) တွင် ကျင်းပမည်ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် အုပ်စု (F) လက်ကျန်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး လက်ကျန်ခြောက်ပွဲအား မြို့သုံးမြို့ရှိ ကွင်းသုံးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ 

JFA သည် ကျန်ရှိသည့် ကာဂျစ္စတန်နှင့် မွန်ဂိုလီးယားပွဲ၊ မြန်မာနှင့် ကာဂျစ္စတန်ပွဲ၊ တာဂျစ်ကစ္စတန်နှင့် မြန်မာအသင်းတို့ပွဲများအား ကျင်းပမည့်အချိန် မသတ်မှတ်ရသေးဘဲ သက်ဆိုင်ရာအသင်းများနှင့် ညှိနှိုင်းပြီးမှသာ အတည်ပြုမည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ် (AFC) သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အုပ်စုလက်ကျန်ပွဲများကို တစ်အုပ်စုလျှင် အိမ်ရှင်တစ်နိုင်ငံရွေးချယ်၍ ကျင်းပသွားမည်ဖြစ်သည်။

အုပ်စု (F) တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မြန်မာနှင့် မွန်ဂိုလီးယားအသင်း တို့ ပါဝင်နေပြီး ခြောက်ပွဲကျင်းပရန် ကျန်ရှိ နေသည်။ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် အုပ်စုလက်ကျန်ပွဲများကို ချီဘာ၊ အိုဆာကာ နှင့် ဆုအိတာမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုလက်ကျန်ပွဲများ အနက် ဂျပန်နှင့်ပွဲကို ချီဘာမြို့ရှိ ဖူကုဒါဒန်ရှိ ကွင်း၊ ကျန်နှစ်ပွဲကို အိုဆာကာမြို့ရှိ ယန်မာကွင်း၌ ကစားရမည်ဖြစ်သည်။ 


READ NEXT
Cancel OK