မန္တလေးမြို့တွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိစေရန် ပြုလုပ်ပေးမည်ဟုဆိုကာ ငွေကြေးများလိမ်လည်တောင်းခံသူ အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးခဲ့ပြီး အရေးယူရန်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထိုသို့ငွေကြေးများလိမ်လည်တောင်းယူနေကြောင်း မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးတိုင်ကြားမှုကြောင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်အတွင်း သွားရောက်စစ်ဆေးခဲဲ့့ရာ ငွေကြေးများလိမ်လည်တောင်းခံသူ အသက် ၅၀ နှစ်အရွယ် ဒေါ်အေးအေးအား တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်းတာတွေက အကြိမ်ကြိမ်ခွဲတောင်းတာ။ ပထမအရစ် သုံးသိန်း၊ နောက်တစ်ရစ် နှစ်သိန်းခွဲ အဲလိုတောင်းတာ။ တစ်ဦးကို ငါးသိန်းအထက်ပါသွားကြတယ်။ ဧည့်စာရင်းမစစ်စေချင်ရင်က ငါးသောင်း၊ စစ်မှုထမ်းစာရင်းထံမပါအောင် အုပ်ချုပ်ရေးမှူးကို ဘယ်လောက်ပြန်ပေးရမှာမို့ဆိုပြီး ထပ်တောင်းတာတွေများလာလို့ ရပ်ကွက်ရုံးလာမေးအကြောင်းကြားလာလို့ ဖမ်းမိလိုက်တာ။ လတ်တလောစစ်ဆေးချက်အရ သူလိမ်တာ ဆယ်ဦးလောက်ရှိမယ်။ လောဆယ်ငါးဦးလောက်ပဲ သက်သေလာထွက်ဆိုသေးတယ်” ဟု လိမ်လည်ခံရသူများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါငွေကြေးများလိမ်လည်တောင်းခံသူအမျိုးသမီးသည် ရပ်ကွက်တွင်းရှိသူများကို ၎င်းသည် တပ်မတော်မှအရာရှိအမျိုးသမီးဖြစ်ပြီး စစ်မှုထမ်းစာရင်းတွင် မပါဝင်စေရန်ဆောင်ရွက်ပေးနိုင်သူဖြစ်ကြောင်း၊ စစ်မှုထမ်းစာရင်းတွင် ပါဝင်ပြီးသူများကိုလည်း ဆေးစစ်ရာတွင်ကျရှုံးအောင်လုပ်ပေးနိုင်သဖြင့် ပြန်လာနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းတို့အပြင် စစ်မှုထမ်းကာလမပြည့်မီ အိမ်ပြန်လာနိုင်အောင် ပြုလုပ်ပေးနိုင်ကြောင်း ပြောဆိုကာ ငွေကြေးတောင်းခံမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
